The network connection is lost.

Banner Image

စပိန်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အင်္ဂလန်ကစားသမားတွေဟာ ပုန်းအောင်းနေတယ်လို့ ကာရေဂါ စွပ်စွဲ

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက စပိန်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အင်္ဂလန်ကစားသမားတွေ ပုန်းအောင်းနေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ စပိန်ကိုအရေးနိမ့်ခဲ့ပြီးနောက် ဖိုင်နယ် ၂ ပွဲဆက် အရေးနိမ့်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝီလီယံရဲ့ဦးဆောင်ဂိုးကို ပယ်လ်မာက ချေပနိုင်ခဲ့ပေမယ့် အိုယာဇာဘယ်က ပွဲကစားချိန် ၈၆ မိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် ဆောက်ဂိတ်ရဲ့အနာဂတ်က မသေချာတဲ့အနေအထားဖြစ်ပြီး စာချုပ်သက်တမ်းက ဒီဇင်ဘာမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာရေဂါက စပိန်ကိုအရေးနိမ့်ခဲ့တဲ့ ပွဲမှာ အင်္ဂလန်ကစားသမားတွေဟာ ပုန်းအောင်းနေတယ်လိုပ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“သူတို့ စိတ်အားထက်သန်မှုအလုံအလောက်နဲ့မကစားခဲ့ပါဘူး။ အင်္ဂလန်စတားတွေက စပိန်ရဲ့အောက်မှာ ပျောက်ဆုံးနေပါတယ်။ ဘောလုံးကိုလည်း မတားဆီးနိုင်သလို သူတို့က ပုန်းအောင်းနေကြပါတယ်။ ဆောက်ဂိတ်က သူတို့ကို စိတ်အားထက်သန်မှု အပြည့်နဲ့ကန်အောင် မပြောနိုင်ပါဘူး။ စပိန်နဲ့ပွဲမှာ ခက်ခဲတဲ့အခြေအနေမျိုးအထိ ဘောလုံးလက်ခံနိုင်တဲ့ကစားသမားမျိုးလိုအပ်ပါတယ်။ ကျွန်တော့်အတွက်တော့ နည်းပြထက် သမိုင်းပြဿနာတက်နေတယ်လို့ ထင်ပါတယ်။ ပွဲကြီးတွေအတွက် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတာပါ။ ကျွန်တော်တို့ ကမ္ဘာကိုအံ့သြအောင် ဘယ်တုန်းကမှမလုပ်ပြနိုင်ခဲ့ပါဘူး။
ထိပ်တိုက်ရင်ဆိုင်ရာမှာလည်း ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ ကျွန်တော်တို့ အောက်အသင်းအဖြစ်နဲ့ပဲ အထိုင်ကျနေတာပါ။ ကျွန်တော် အင်္ဂလန်မှာလည်း ကစားဖူးသလို ကြည့်လာတာနဲ့ဆိုရင် နှစ် ၃၀ လောက်ရှိနေပါပြီ။ ဆောက်ဂိတ်ပြဿနာလို့ ခင်ဗျားပြောနိုင်လား?။ သူတို့အင်တိုက်အားတိုက်ကစားပြီး အနိုင်ရဖို့ထက် ရှုံးမှာကိုပိုကြောက်နေတာပါ။ စပိန်က ပီဒရီအကောင်းဆုံး လူငယ်ကစားသမားကို လက်လွှတ်ထားခဲ့ရတာပါ။ ရိုဒရီဆိုရင်လည်း ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဆက်ကစားခဲ့ပါဘူး။ အင်္ဂလန်မှာက အဲ့လိုစိတ်ဓာတ်မျိုးပျောက်ဆုံးနေပါတယ်”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ကတော့ ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီးနောက် အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။