တန်ဟက်ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ အသွင်သစ်နဲ့ယူနိုက်တက် နိုင်ပွဲရှာဖွေနိုင်မလား....
ယနေ့ညမှာတော့ စူပါဆန်းဒေး ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် ပွဲစဉ်၃ပွဲ ကစားဖို့ရှိနေပြီး မန်ချက်စတာမြို့ခံ၂သင်းရဲ့ ပွဲစဉ်၂ပွဲလည်း ပါဝင်နေပါတယ်။ နည်းပြသစ် တန်ဟက်ရဲ့ ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီကုန်ကမှ ၄ဂိုးပြတ် အရှုံးပေးခဲ့ရတဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး မန်စီးတီးကတော့ ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား၊ မန်စီးတီးကရော လီဗာပူးရဲ့ အမှတ်လျော့မှုကို ရာသီအစကတည်းက အခွင့်ကောင်း ယူနိုင်မလားဆိုတာ ဘောလုံးစတား အယ်ဒီတာတွေက ပွဲကြိုခန့်မှန်းချက်အဖြစ် တင်ဆက်ထားပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁)
--------------
လက်စတာ - ဘရန့်ဖို့ဒ် (ည ၇:၃၀)
ယူနိုက်တက် - ဘရိုက်တန် (ည ၇:၃၀)
ဝက်စ်ဟမ်း - မန်စီးတီး (ည ၁၀:၀၀)