ခြေစွာနေတဲ့ ချဲလ်ဆီးရဲ့ fullback နှစ်ယောက်ကို လက်စတာခံစစ်တားဆီးနိုင်မလား??
ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်အတွက် ဂိုးဖန်တီးမှုတွေနှင့်အတူ သွင်းဂိုးတွေနဲ့ပါ ကူညီပေးနေတဲ့ ညာနောက်ခံလူ ရီစီဂျိမ်းစ်နှင့် ဘယ်နောက်ခံလူ ချီဝဲလ်တို့ဟာ ယခုတစ်ပတ်မှာ ရင်ဆိုင်ကစားမယ့် လက်စတာအသင်းအတွက် အန္တာရယ်ရှိတဲ့ သူတွေ ဖြစ်လာဖွယ် ရှိပါတယ်။ ခြေစွာနေတဲ့ ချဲလ်ဆီး fullback နှစ်ယောက်ကို လက်စတာတားဆီးနိုင်မလားဆိုတာ ပရီးမီးယားလိဂ်ရဲ့ နည်းစနစ်ကျွမ်းကျင်သူ ကလာခ်က သုံးသပ်ပေးထားပါတယ်။
ချဲလ်ဆီးရဲ့ တိုက်စစ်အတွက် အရေးပါတဲ့ fullback များ
=========
များသောအားဖြင့် မန်နေဂျာတစ်ယောက်အတွက်တော့ fullback တွေဟာ အသင်းတစ်သင်းရဲ့ ခံစစ်ကို အဓိကခြိမ်းခြောက်နိုင်မယ့်သူတွေလို သတ်မှတ်မခံရတတ်ပါဘူး။ဒါပေမဲ့ ချဲလ်ဆီးနဲ့စနေနေ့မှာ မရင်ဆိုင်မီ လက်စတာနည်းပြ ရော်ဂျာအနေဖြင့် ရီစီဂျိမ်းစ်နဲ့ချီဝဲလ်တို့ကို ဂရုစိုက်ထားသင့်ပါတယ်။ တူချယ်ရဲ့ ၃-၄-၂-၁ ကစားဟန်မှာ သူရဲ့ တိုက်စစ်ကို လိုက်ပါတဲ့ fullback တွေဟာ အဓိကအခန်းကဏ္ဍမှာ ရှိနေပါတယ်။ယခုနှစ်အတွင်း ရီစီဂျိမ်းစ်၊ ချီဝဲလ်၊ အလွန်ဆို ၃ယောက်ပေါင်းဟာ ပရီးမီးယားလိဂ်တွင် ၈ဂိုးသွင်း၊ ၄ဂိုးဖန်တီးပေးထားပါတယ်။
ဒါဟာ final third အတွင်း ချဲလ်ဆီး fullback တွေရဲ့ ခြိမ်းခြောက်နိုင်စွမ်းက အတော်လေးမြင့်မားနေတယ်ဆိုတာ ပြသနေပါတယ်။ ယခုနှစ်အတွင်း ၃ဂိုးစီသွင်းထားတဲ့ ကစားသမားတွေကို တန်းစီကြည့်ရင် နောက်ခံလူ ရီစီဂျိမ်းစ်နဲ့ ချီဝဲလ်တို့ပါနေပြီး မိနစ်အနည်းငယ်နဲ့ပျမ်းမျှ တစ်ဂိုးနူန်း သွင်းထားကြသူတွေ ဖြစ်ပါတယ်။
အထူးသဖြင့် ရီစီဂျိမ်းစ်ဟာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဂျေမီဗာဒီနှင့် အန်တိုနီယိုတို့ထက်တောင် မိနစ်ပျမ်းမျှနဲ့တွက်ရင် ဂိုးသွင်းအား ပိုကောင်းနေပါတယ်။ တူချယ်လက်အောက် ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်မှုတွေမှာ wing-back တွေက အရေးပါတဲ့ ဧရိယာတွေမှာ ရှိနေတတ်ပါတယ်။ ချဲလ်ဆီးရဲ့ ကွင်းလယ်တိုက်စစ်သမားများဟာ တဖက်ခံစစ်သမားများရဲ့ အာရုံစိုက်မှုကို ရယူကာ wing-back တွေကို နေရာလွတ်ဖန်တီးပေးတတ်ပါတယ်။
ကျွန်တော်ဖော်ပြမယ့် အချက်ကို ကြည့်ရင် သင်အနေနဲ့သဘောပေါက်သွားမှာ ဖြစ်ပါတယ် ချဲလ်ဆီးအသင်းရဲ့ တစ်ပွဲပျမ်းမျှတွင် ရီစီဂျိမ်းစ်နဲ့ချီဝဲလ်တို့ဟာ ပင်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၅.၁ကြိမ်နှင့် ၄.၆ကြိမ်စီ ရထားပါတယ်။ ဒီအချက်ဟာ ကျန်တဲ့ ပြိုင်ဘက်နောက်ခံလူတွေထက်စာရင် အကြိမ်ရေအများဆုံး ဖြစ်ပါတယ်။ သူတို့နောက်မှာ လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်က ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်း ထိချက် ၃.၃ကြိမ် ရှိပါတယ်။ နောဝစ်ချ်ကို ၇ဂိုးပြတ်နိုင်တဲ့ပွဲမှာ ရီစီဂျိမ်းစ်ရော ချီဝဲလ်ပါ ဂိုးသွင်းနိုင်ခဲ့ပြီး သူတို့ရဲ့ တိုက်စစ် အသင်းဖော်တွေက ဧရိယာအတွင်း ဝင်ရောက်ကာ နေရာယူပေးရင်း ၎င်းတို့နှစ်ယောက်ကို နေရာလွတ် ပြန်ဖန်တီးပေးခဲ့ပါတယ်။
လက်စတာရဲ့ fullback တွေနှင့် winger တွေဟာ ၎င်းတို့နှစ်ဦးရဲ့ ချိတ်ဆက်မှုနဲ့ နေရာယူမှုတွေကို သတိကြီးစွာ ထားသင့်ပါတယ်။ ဘယ်ခြမ်းမှာ နေရာတစ်နေရာပြန်ရလာနေတဲ့ ချီဝဲလ်ဟာ တဖြည်းဖြည်း ပိုကောင်းလာနေကာ ဘယ်ခြမ်းတစ်ခြမ်းလုံးကို ကာဗာ (distance covered) ယူထားနိုင်ပါတယ်။ မိနစ်၃၇၀အတွင်း ကစားထားတဲ့ ပရီးမီးယားလိဂ်နောက်ခံလူ ၄၃ယောက်တွင် ချီဝဲလ်က ပြေးအားအကောင်းဆုံးနှင့် ကာဗာလုပ်နိုင်မှု အများဆုံးတွင် ဒုတိယနေရာချိတ်ပါတယ်။
လက်စတာရဲ့ ညာနောက်ခံသမား ရီကာဒိုဟာ ချီဝဲလ်ကဲ့သို့ကာဗာယူတာ ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ ယုတ်စွအဆုံး ဘယ်ခြမ်းမှာ အလွန်ဆိုကို ထုတ်သုံးရင်တောင် ရီကာဒိုအနေဖြင့် မနားတမ်း လိုက်ကပ်ရနိုင်ပါတယ်။ အထူးသဖြင့် စပိန်သားဟာ ပရီးမီးယားလိဂ်တွင် ကာဗာလုပ်နိုင်မှု အများဆုံးထဲတွင် ချီဝဲရဲ့ အောက် တတိယနေရာမှာ ရှိပါတယ်။ အလွန်ဆိုနှင့် ဂျိမ်းစ်တို့ဟာ ဂိုးဖန်တီးမှုအားအကောင်းဆုံး နောက်ခံလူတွေဖြစ်ကြပြီး ပြိုင်ဘက်ဧရိယာထဲ ပေးပို့မှုက တစ်ပွဲပျမ်းမျှ ၄ကြိမ်စီ ရှိကြသည်
Openplay ကနေ ဂျိမ်းစ်ဟာ မိနစ်၉၀အတွင်း ပျမ်းမျှ ၂.၈ကြိမ် အခွင့်အရေးဖန်တီးနိုင်ပြီး ဘရူနိုဖာနန်ဒက်စ် (၃ကြိမ်)၊ ဂရီးလစ်ရှ် (၃.၂ကြိမ်) တို့သာ ၎င်းထက် ပိုသာပါတယ်။ ဒီအတွက်ကြောင့် ရီစီဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောတွေ မဖြစ်လာစေဖို့ဘယ်ခြမ်းမှာ တာဝန်ကျတာက ကတ်စတိန်းနှင့် ဟာဗေးဘားနတ်စ်တို့ဖြစ်ပါတယ်။ သတိပြုမိစရာတစ်ခုက ချဲလ်ဆီအသင်းဟာ နောက်တန်း၃ယောက်တန်းနှင့် fullback တွေထားကစားတဲ့ အသင်းတွေနဲ့ဆိုရင် ဂိုးပေးရလေ့ မရှိတတ်တာပါ။
နောက်တန်း၄ယောက်ထားကစားတဲ့ မန်စီးတီး၊ လီဗာပူး၊ ဆောက်သမ်တန်၊ ဘန်လေ ပွဲတွေမှာ ချဲလ်ဆီးအသင်း ရမှတ်လျော့တာတွေ ဂိုးပေးရတာတွေ ရှိခဲ့ပါတယ်။ လက်စတာက ယခုနှစ်မှာ ၄ယောက်တန်းရော ၃ယောက်အထိုင်ခံစစ်အစုအဖွဲ့ကိုပါ နှစ်မျိုးလုံး သုံးတတ်တဲ့ အသင်းဖြစ်ကာ နည်းပြရော်ဂျာစ်အတွက ်စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်လိုနည်းစနစ်ကိုဘဲ ထုတ်သုံးထုတ်သုံး ရော်ဂျာစ်အနေဖြင့် ချဲလ်ဆီးအသင်းရဲ့ လုပ်အားနူန်းရော ဂိုးဖန်တီးမှုပိုင်းပါကောင်းတဲ့ wing-back သမားတွေကို တားဆီးနိုင်မှသာ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။