The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး လီဗာပူးစတားကို ယှဉ်နိုင်တဲ့ကစားသမားကို ထုတ်ဖော်ပြောကြားလာတဲ့ ကာဖူး

ဘရာဇီးဂန္ထဝင်ဟောင်း ကာဖူးက ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး လီဗာပူးစတား ဆာလက်ကို ယှဉ်နိုင်တဲ့သူအဖြစ် ဘာစီလိုနာစတား ရာဖင်ဟာသာရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ရာဖင်ဟာ နဲ့ ဆာလက်တို့ဟာ ဒီရာသီသက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းပြနေပြီး ဘာစီလိုနာက တတိယမြောက်ဥရောပဖလားရယူနိုင်ဖို့ နီးစပ်နေသလို လီဗာပူးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားခဲ့ပါတယ်။

ဘရာဇီးသား နဲ့ အီဂျစ်သားတို့ဟာ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် လာမယ့် ၂၀၂၅ ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေကြပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ၂ ဦးစလုံးရဲ့စွမ်းဆောင်ရည်က ကျဆင်းလာခဲ့ပြီး ယာမဲလ် နဲ့ ပီဒရီတို့က ဘာစီလိုနာရဲ့အဓိကအားထားရတဲ့သူတွေဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးဂန္ထဝင်ဟောင်းက ဘော်လွန်းဒီအော်ဆုကို ဆာလက် နဲ့ ရာဖင်ဟာတို့ပဲ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ရာဖင်ဟာကို ယှဉ်နိုင်တဲ့ကစားသမားအများကြီးရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော် ဆာလက် နဲ့ သူ့အကြောင်းပြောနေတာပါ။ သူတို့ ၂ ဦးထဲက ၁ ဦးပဲ ဘော်လွန်းဒီအော်ချန်ပီယံဖြစ်မှာပါ။

ရာဖင်ဟာက ၃၁ ဂိုးသွင်းပြီး ၂၅ ဂိုးဖန်တီးထားနိုင်သလို မက်ဆီရဲ့စံချိန်ကိုတော့ ချိုးဖျက်ထားတာပါ။ သူက ဘရာဇီးသားဖြစ်နေတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာစီလိုနာလိုအသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ရာဖင်ဟာကို ဘရာဇီးသားတော်တော်များများ အားကျနေကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဘရာဇီးအသင်းက မတူညီတဲ့ကစားသမားတွေများနေပါတယ်။ သူက ဘောလုံးကို အကောင်းဆုံးကစားနေပါတယ်။ 

ဘရာဇီးအသင်းမှာ သူ့လိုကစားသမားမျိုးတွေ အများကြီး လိုအပ်ပါတယ်။ သူ့လိုအရည်အချင်း ၊ လုပ်အားမျိုးလည်း လိုအပ်ပါတယ်။ လာမယ့်ကမ္ဘာ့ဖလားကိုလည်း သူ့လုပ်အားနဲ့အတူ ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ကာဖူးက ပြောကြားခဲ့ပါတယ်။ ဆာလက်ဟာ ရာဖင်ဟာတစ်ယောက် လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားရခဲ့ရင် ရေပန်းစားမှုလျော့ကျလာဖွယ်ရှိနေပေမယ့် တကယ်လို့မရခဲ့ရင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲလာဖွယ်ရှိနေပါတယ်။