The network connection is lost.

Banner Image

ဆာကာရဲ့ဒဏ်ရာအခြေအနေအပေါ် အလွန်စိုးရိမ်နေကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက မနေ့ည ခရစ္စတယ်ပဲလေ့စ်ကို ၅-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ တောင်ပံကစားသမား ဘူကာယိုဆာကာရဲ့ဒဏ်ရာအခြေအနေအပေါ် အလွန်စိုးရိမ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဆာကာဟာ အဆိုပါပွဲစဉ် ပထမပိုင်းမှာတင် ဒဏ်ရာရခဲ့တာကြောင့် ထရိုဆက်နဲ့ လူစားလဲခဲ့ရပါတယ်။
အင်္ဂလန်သားဟာ ပွဲအပြီး ကွင်းထဲကနေ ထွက်ခွာချိန်မှာလည်း ချိုင်းထောက်နဲ့ ထွက်သွားရတာကို မြင်တွေ့ခဲ့ရပါတယ်။
ဆာကာ အောက်တိုဘာလတုန်းကလည်း တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်များစွာ အနားယူခဲ့ရပါတယ်။
အာတီတာက "သူ တံကောက်ကြောမှာ တစ်ခုခုခံစားခဲ့ရပါတယ်။ သူ့ကို စစ်ဆေးရမှာဖြစ်တာကြောင့် အဲ့ဒီအတွက် အတော်လေး စိတ်ပူရပါတယ်။
အခုအချိန်မှာတော့ ဒဏ်ရာအခြေအနေအကြောင်း ပြောဖို့ အရမ်းခက်ပါတယ်။ သူ အရင်က ဒဏ်ရာရဖူးတဲ့ ခြေထောက်မှာပဲ ထပ်ဖြစ်တာပါ။ အခုတစ်ခေါက်က ဒဏ်ရာဘယ်လောက်ကြီးတယ်ဆိုတာ မသိပါဘူး။"လို့ ပြောခဲ့ပါတယ်။
အာတီတာက မနေ့ည ပဲလေ့စ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ စတာလင်ဟာလည်း လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာကြောင့် ဘယ်လောက်အထိ နားရမယ်ဆိုတာ မသိသေးပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။