The network connection is lost.

Banner Image

စိတ်ဓာတ်ကြံ့ခိုင်ခြင်း မရှိဘူးလို့ ပြောကြားခြင်းခံလိုက်ရတဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်ကစာသမားတွေကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဖာနန်ဒက်စ်က စွပ်စွဲပြောဆိုခြင်းခံခဲ့ရပြီး ဝုဗ်နှင့်ပွဲမှာ အနီကဒ်ပြသခြင်းခံခဲ့ရပြီးနောက် စိတ်ဓာတ်ကြံ့ခိုင်ခြင်းမရှိဘူးလို့ပါ ဝေဖန်ခြင်းခံလိုက်ရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှုအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ပွဲကို ပြောင်းလဲနိုင်တဲ့ ပေးပို့မှုတွေ လုပ်နိုင်တဲ့ အရည်အချင်းရှိသူဖြစ်ပါတယ်။ သူ့ရဲ့နည်းစနစ်ပိုင်းနှင့် ပွဲအပေါ်အမြင်တွေဟာ ယူနိုက်တက်ရဲ့တိုက်စစ်ဆင်မှုတွင် အရေးပါနေပါတယ်။ သို့သော်လည်း သူ့ရဲ့ကွင်းအတွင်း အပြုမူတွေကြောင့် ဝေဖန်ခြင်းခံနေရပါတယ်။ သူ့ရဲ့အပြုမူတွေနဲ့ပတ်သက်ပြီး ဆောင်းနက်စ်က ဝေဖန်ထားပါတယ်။

The Daily Mail တွင် ဆောင်းနက်စ်က "ပွဲမှာကောင်းကောင်းမကစားနိုင်တဲ့အခါ လက်နှစ်ဖက်ကို လေထဲမှာ အဆက်မပြတ်မြှောက်ပြတာ၊ အသင်းဖော်တွေကို ပုခုံးတွန့်ပြပြီး သူဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ထားတဲ့သူလည်းဖြစ်ပါတယ်။ မင်းရဲ့ကပ္ပတိန်၊ မင်းရဲ့ခေါင်းဆောင်ကို အဲဒီအဝတ်လဲခန်းကလူတိုင်းအတွက် စံနမူနာပြစေချင်ပါတယ်။ ဒါကြောင့် သူ့ကို ခေါင်းဆောင်အဖြစ် စံနမူနာယူတဲ့အတွက် သူ့ကိုရွေးချယ်ခဲ့တာပါ။ မိုင်နူး၊ အာမက် နှင့် ဂါနာချို တို့လိုလူငယ်တွေအတွက် ပွဲအတွင်းမှာ စံနမူနာယူရမယ့်သူကဘယ်သူလဲ"

"ယူနိုက်တက်အတွက် တာဝန်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့မှာ သံသယဖြစ်စရာ အရည်အချင်းတွေရှိပြီး အပြင်မှာ အကောင်းဆုံးအသင်းတွေအတွက် ကစားသင့်တယ်လို့ တွေးနေပေမယ့် သူမဟုတ်သလိုနဲ့ သူ့ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်စေမယ့် အဆိုးမြင်စိတ်တွေကို ပြသနေပါတယ်" လို့ ပြောထားပါတယ်။

လီဗာပူးကို ၇-၀ဂိုး နဲ့ ရှုံးခဲ့တဲ့ ယူနိုက်တက်ရဲ့ သမိုင်းဝင် ရှုံးပွဲအတွင်း ဖာနန်ဒက်စ်ရဲ့ အပြုအမူကို ပြန်လည်သုံးသပ်ပြီး ဆောက်းနက်စ်က အရှုံးပေးပုံပေါ်ပုံရပြီး ကွင်းထဲမှာ လမ်းလျှောက်တာ၊ လက်ညိုးထိုးပြတာအပြင် မြင်သာတဲ့ စိတ်ပျက်မှုတွေကို ထောက်ပြခဲ့ပါတယ်။
"ယူနိုက်တက်က အန်ဖီးလ်မှာ ၇-၀ ဂိုးနဲ့ ရှုံးခဲ့တုန်းက လီဗာပူးက ၃ ဂိုးဖြင့် ဦးဆောင်နေတဲ့အပေါ် သူတုံ့ပြန်ပုံကို ကျွန်တော့်မမေ့ပါဘူး" 

"သူက မျက်နှာသုတ်ပုဝါကို အထဲကို ပစ်ချလိုက်ပြီး သူ့အသင်းဖော်တွေကို လက်ညိုးထိုးပြရင်း ပခုံးတွန့်ပြရင်း လမ်းလျှောက်လာပါတယ်။ ဒီစာကိုဖတ်တဲ့ လူကြီးတွေအတွက်တော့ Billy Ocean သီချင်းကို ကိုးကားပြီး သွားရတာ ခက်တဲ့အခါ ခက်တယ်လို့ ပြောချင်ပေမယ့် ဖာနန်ဒက်စ်က မမဟုတ်ခဲ့ပါဘူး"
"အန်ဖီးလ်မှာ သူ့ရဲ့ အပြုအမူတွေက ဘယ်နေရာမှာမှ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိကို ပြသခဲ့တယ်။ အဲဒါက ကျွန်တော့်ရဲ့အချက်ပါ၊ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိရုံနဲ့ မလုံလောက်ဘူး၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းကမ်းနဲ့ အလုပ်ကြိုးစားမှုကို ပြသဖို့ လိုအပ်တယ်။ ဒါက လက်ရှိ ယူနိုက်တက်မှာ ရှိနေရမှာတာ သေချာပါတယ်" လို့ ဆောင်းနက်စ်က ပြောပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တွင်စွမ်းဆောင်ရည်နိမ့်ကျနေပြီး ဝေဖန်မှုများနှင့်ရင်ဆိုင်နေရတာကြောင့် ဖာနန်ဒက်စ်ရဲ့ တုံ့ပြန်မှုဟာ အားလုံးရဲ့စောင့်ကြည့်ခြင်းကိုပါ ခံနေတာဖြစ်ပါတယ်။ ဝုဗ်နှင့်ပွဲတွင် အနီကတ်ပြသခြင်းခံရတာက မှန်ကန်တဲ့စိုးရိမ်မှုများကို ဖြစ်ပေါ်စေသော်လည်း ၎င်းဟာ တနင်္လာနေ့ နယူးကာဆယ်နှင့်ပွဲကို လွဲချော်ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက် လီဗာပူးနှင့်ကစားရမည့်ပွဲမှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။