
ဂျူဗင်တပ်စ်မှ ထွက်ခွာသွားရခြင်းပေါ် တိုက်ခိုက်မှုများ စတင်လုပ်ဆောင်လိုက်တဲ့ ဘိုနူချီ
အသက် ၃၆ နှစ်အရွယ် ဗဟိုခံစစ်ကစားသမားဟာ ယခုနွေရာသီမှာ ဒုတိယအကြိမ်အဖြစ် ၅ ရာသီကြာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားခဲ့တာဖြစ်ပြီး တူရင်အခြေစိုက်ကလပ်တွင် ပြိုင်ပွဲစုံ ၅၀၂ ပွဲ ကစားပေးခဲ့ကာ ၁၂ နှစ်ကြာ ရှိနေခဲ့မှုကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
ယခုအခါ ဂျာမန်ကလပ် ယူနီယံဘာလင်အသင်းသို့ရောက်နေတဲ့ ဘိုနူချီက ဂျူဗင်တပ်စ်အသင်းရဲ့ အပြုအမူအပေါ် စိတ်ပျက်စရာတွေကို ဖွင့်ဟပြောကြားခဲ့ပြီး အသင်းဟောင်းဟာ လိမ်ညာကာ ရုပ်ရည်ဆိုးစေရန် ကြိုးစားနေတာလို့ SportMediaset နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
"ကျွန်တော်က မမှန်ကန်တဲ့သတင်းတွေ အများကြီးကို ဖတ်ခဲ့ရသလို ကြားလည်းကြားခဲ့ဖူးပါတယ်။ ဂျူဗင်တပ်စ်နဲ့ နည်းပြတို့ပြောခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အခြေအနေနဲ့ စတင်ပြောကြားချင်ပါတယ်" "ဒါဟာ လုံးဝမမှန်ပါဘူး။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ဂျူဗင်တပ်စ်အသင်းမှာ စာချုပ်သက်တမ်းတိုးဖို့ အခွင့်အရေးရခဲ့ပါတယ်။ အမှန်တော့ မေလကုန်မှာ ခံစစ်ရဲ့ ပဉ္စမ သို့မဟုတ် ဆဋ္ဌမမြောက် ရွေးချယ်မှုအဖြစ် ကျွန်တော့်ကိုခွင့်ပြုချက် ပေးခဲ့ပါတယ်" "နောက်တော့ နည်းပြနဲ့ အင်တာဗျူးတစ်ခုအပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ ကျွန်တော်ဟာ အခြေအနေကို ထပ်မံသိရှိခဲ့ရပြီး နည်းပြနဲ့ ကလပ်အတွက် ဆက်မပါဝင်နိုင်တော့ဘူးလို့ ပြောကြားခဲ့တာကို ကြားသိခဲ့ရပါတယ်"
"အဲဒီအချိန်တုန်းက ကလပ်နဲ့ စကားမပြောဖြစ်ခဲ့ပေမယ့် ဂျူဗင်တပ်စ်ရဲ့ အစီအစဉ်တွေမှာ မပါဝင်တော့ဘူးလို့ သတင်းစာတွေမှာ ဖတ်ရတဲ့အခါ သိလာရပါတယ်" "ပြီးတော့ မန်နာနဲ့ ဂူအန်တိုလီတို့ ၂ ဦးက ဇူလိုင်လ ၁၃ ရက်နေ့တွင် အိမ်ကိုလာရောက်ခဲ့ပြီး ကျွန်တော့်ကို အရှက်ခွဲခဲ့ပါတယ်။ သူတို့က ကျွန်တော်ဟာ ဂျူဗင်တပ်စ်ရဲ့အစီစဉ်တွေမှာ မပါဝင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ အဝတ်လဲခန်းနဲ့ ကွင်းထဲမှာ ကျွန်တော်ရှိနေတာက ဂျူဗင်တပ်စ်ရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေတာကြောင့် အိမ်မှာ နောက်ထပ်ရက်အနည်းငယ်နေဖို့ သူတို့က အခွင့်အရေးပေးတာပါ။ ဒါဟာ အသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ကစားပေးခဲ့ပြီးနောက် အရှက်ရစေခဲ့တာပါ" "ဂျူဗင်တပ်စ်နဲ့ တခြားကလပ်အသင်းတွေအပါအဝင် လက်ရှိကစားသမားတွေ အများကြီးရဲ့ ပံ့ပိုးမှုအတွက် ကျွန်တော် ကျေးဇူးတင်မိပါတယ်။ သူတို့အားလုံးအနေနဲ့လည်း ဒီလိုမလေးစားတဲ့ အပြုအမူအတွက် စာနာမိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်"လို့ ဘွန်နူချီက ပြောကြားခဲ့ပါတယ်။
ဘိုနူချီဟာ ဂျူဗင်တပ်စ် ပွဲအများဆုံး ကစားခဲ့တဲ့ ကစားသမားစာရင်းရဲ့ ဆဋ္ဌမနေရာတွင်ရှိနေပြီး ဖြူရီနို၊ ဆီရီကာ၊ ချီရယ်လီနီ၊ ဘူဖွန်နှင့် ပီယာလိုတို့ကသာ သူ့ထက် ပွဲအများဆုံးကစားထားသူတွေဖြစ်ပါတယ်။