The network connection is lost.

Banner Image

အသက် ၁၈ နှစ်ပြည့်မွေးနေ့ပါတီပြုလုပ်မှုအတွက် ဘာစီလိုစတားကို ဝေဖန်လိုက်တဲ့ စပိန်ဝန်ကြီး

စပိန်လူမှုရေးရာဝန်ကြီး အန်နာရီဒွန်ဒိုကတော့ ဘာစီလိုနာစတား ယာမဲလ်တစ်ယောက် အသက် ၁၈ နှစ်ပြည့်မွေးနေ့ပါတီပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။ လူမှုရေးရာဝန်ကြီးက အဆိုပါပါတီပွဲမှာ ဥပဒေပိုင်းချိုးဖောက်မှုရှိလားဆိုတာကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာလည်း ဝန်ကြီးအန်နာက ဘာစီလိုနာစတားကို ဝေဖန်လိုက်တာဖြစ်ပါတယ်။ “အခုလိုမျိုးအောင်ပွဲခံတာထက် ပိုတန်ဖိုးရှိတဲ့နည်းလမ်းတွေရှိတယ်လို့ ကျွန်တော်ယုံပါတယ်”လို့ အန်နာက သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အဆိုပါပါတီကိုတက်ရောက်ခဲ့တဲ့သူတွေထဲကတစ်ဦးကတော့ ပါတီအတွင်းမှာ ဘယ်သူမှလေးစားမှုမရှိခဲ့ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဘက်ကကော ယာမဲလ်ဘက်ကပါ အဆိုပါဝေဖန်မှုနဲ့ပတ်သက်ပြီး မှတ်ချက်မပြုသေးတာဖြစ်ပါတယ်။