The network connection is lost.

Banner Image

ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ခြင်းမရှိသေးတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ နောက်ခံလူ မာတီနက်ဇ်တစ်ယောက် အယ်လ်နာဆာအသင်းထံထွက်ခွာသွားခဲ့ပေမယ့်လည်း ဂါစီယာကော ရက်ရှ်ဖို့ဒ်ကိုပါ မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အယ်လ်နာဆာအသင်းဘက်က မြင့်မားတဲ့ကမ်းလှမ်းမှုရချိန်မှာ မာတီနက်ဇ်ဟာ ဆော်ဒီလိဂ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ မာကာသတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာအနေနဲ့ မာတီနက်ဇ်မရှိတော့တာကြောင့် ပေါင် ၁၂ သန်းလောက်အထိ လုပ်ခလစာသက်သာသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ်လည်း လာလီဂါစည်းမျည်းအရ ဂါစီယာကို မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဒီပို့တီဗို့သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာအနေနဲ့ 1:1 အနေအထားအောက်မှာ ရှိမနေတာကြောင့် မှတ်ပုံတင်နိုင်ခြင်းမရှိသေးတာလို့ ဖော်ပြခဲ့ပါတယ်။ ဂါစီယာအပြင် ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ကို မှတ်ပုံတင်နိုင်ခြင်းလည်းမရှိသေးဘူးလို့ သိရပြီး နောက်ထပ်ရှင်းလင်းမှုတွေထပ်လုပ်ရဦးမှာဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကတော့ ဂါစီယာ နဲ့ ရက်ရှ်ဖို့ဒ်တို့ ၂ ဦးကို ဦးစားပေးမှတ်ပုံတင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘာစီလိုနာဟာ ပထမအနေနဲ့ နူးကမ့်ကွင်းက VIP နေရာတွေကိုရောင်းချနေပြီး ဘဏ္ဍာငွေရှာဖွေနေရပါတယ်။ ဒုတိယအနေနဲ့က တာစတီဂျန်ဒဏ်ရာအခြေအနေဖြစ်ပြီး တကယ်လို့ လာလီဂါအနေနဲ့ အဆိုပါဆေးပြဿနာကို လက်ခံမယ်ဆိုရင် သူ့ရဲ့လစာ ၈၀% ကို လျော့ချနိုင်မှာဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူတွေဘက်ကတော့ လာမယ့်အပတ်ထဲမှာ မှတ်ပုံတင်နိုင်မယ့်ပြဿနာကိုဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပြီး တကယ်လို့အဆင်မပြေခဲ့ရင် ဂါစီယာအနေနဲ့ ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ နောက်ကျဖွယ်ရှိနေပါတယ်။ နောက်အပတ်ထဲမှာ ဘာစီလိုနာဟာ လာလီဂါမစတင်ခင် ကစားသမားသစ်တွေ အဆင်သင့်ဖြစ်နေအောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။