The network connection is lost.

Banner Image

ဇန်နဝါရီမှာ အလွတ်ဖြင့် ထွက်ခွာနိုင်တဲ့ ဘာစီလိုနာစတား ဒန်နီအိုလ်မို

ဘာစီလိုနာအသင်းဟာ ယခုနှစ်မကုန်ခင်မှာ ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ကြိုးစားလုပ်ဆောင်နေရတာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီမတိုင်မီ ဒန်နီအိုလ်မိုကို စာရင်းသွင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အဲ့ဒီလိုသာ မလုပ်ဆောင်နိုင်ခဲ့ပါက ယူရို ၅၅ သန်းတန်ရင်းနှီးမြှပ်နှံမှုကို ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။

ဒီနွေရာသီမှာ အိုလ်မိုက လိုက်ပ်ဇစ်ကနေ ဘာစီလိုနာသို့ ၆ နှစ် စာချုပ်ဖြင့် ပြောင်းလာခဲ့သူဖြစ်ပေမယ့် သူ့ကို ဒုတိယရာသီဝက်အတွက် စာရင်းမသွင်းရသေးတာဖြစ်ပါတယ်လို့ MD က ဖော်ပြထားပါတယ်။ 

ကနဦး အသင်းသို့ ရောက်လာကတည်းက ကစားသမားဟာ တစ်ရာသီသာ စာရင်းသွင်းဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အဲ့ဒီလိုလုပ်ဖို့အတွက် ရုန်းကန်ခဲ့ရတာကြောင့် အရေးပေါ် ဒဏ်ရာစည်းမျဉ်းအောက် ၆ လ စာရင်းသွင်းဖို့ကိုသာ ဘာစီလိုနာက လက်ခံခဲ့တာဖြစ်ကာ ခရစ္စတီယန်ဆန်ရဲ့ လစာနေရာအတွက် သူ့ကို စာရင်းသွင်းဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ ဒုတိယရာသီဝက်အတွက်သာ စာရင်းမသွင်းနိုင်ခဲ့ပါက ဘာစီလိုနာဟာ အိုလ်မိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပြုရမှာလည်းဖြစ်ပါတယ်။