The network connection is lost.

Banner Image

နူးကမ့်ကွင်းမှာ ပြန်ကစားနိုင်မယ့်နေ့ရက်ကို ရွှေ့ဆိုင်းလိုက်ပြီး အိုလံပစ်ကွင်းမှာပဲ ဂျီရိုနာကို ဧည့်ခံကစားမယ့် ဘာစီလိုနာ

ဘာစီလိုနာရဲ့ နူကမ့်ကွင်းဆီ ပြန်လာနိုင်မယ့်နေ့ရက်ကို အနည်းငယ်စောင့်ဆိုင်းသွားရဖို့ ရှိနေပါတယ်။ ကလပ်အသင်းက လာမယ့်အောက်တိုဘာ ၁၈ ရက်၊ ဂျီရိုနာနဲ့ရင်ဆိုင်မယ့် လာလီဂါပွဲစဉ်ကို ပြင်ဆင်နေဆဲ အိမ်ကွင်းထက် Montjuic ရှိ အိုလံပစ်ကွင်းမှာသာ လက်ခံကျင်းပသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

နူးကမ့်ကွင်းပြန်လည်ဖွင့်လှစ်ဖို့အတွက် လိုအပ်မယ့် မြို့တော်ကောင်စီရဲ့လိုင်စင်ကို စောင့်ဆိုင်းနေရချိန် ဘာစီလိုနာအသင်းရဲ့အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။ ကနဦးရည်မှန်းချက်တွေအရ အောက်တိုဘာလအတွင်း နူးကမ့်ကွင်းဆီပြန်လာဖို့ စီစဉ်ထားခဲ့ပေမဲ့ တရားဝင်စာရွက်စာတမ်းတွေကို အတည်မပြုနိုင်သေးတာကြောင့် ပြန်လည်မွမ်းမံတည်ဆောက်ဆဲ အားကစားကွင်းအဆင့်မှာပဲ ရှိနေပါသေးတယ်။

အလားတူ ငွေရေးကြေးရေးရှုထောင့်တစ်ရပ်လည်း ရှိနေပြန်ပါတယ်။ အကယ်၍ အခုအချိန်မှာ ပြန်လာဖို့ ဆုံးဖြတ်မယ်ဆိုရင် နူးကမ့်ကွင်းက ပထမအဆင့်တည်ဆောက်မှုအတွင်း ပရိသတ်ဦးရေ ၂၇,၀၀၀ ခန့်သာ လက်ခံပေးနိုင်ပါလိမ့်မယ်။ဆန့်ကျင်ဘက်အားဖြင့် Montjuic ရှိ အိုလံပစ်ကွင်းက ပရိသတ်ဦးရေ ၅၀,၀၀၀ ခန့် ဝင်ဆံ့နိုင်လို့ ကလပ်အသင်းတစ်ခုအတွက် အရေးကြီးတဲ့ ပွဲနေ့ဝင်ငွေကဏ္ဍဆီ အာရုံစိုက်ပေးရပါလိမ့်မယ်။

Montjuic ရှိ အိုလံပစ်ကွင်းက အခုဘောလုံးရာသီမှာ ဆိုစီဒက်၊ ပီအက်စ်ဂျီတို့နဲ့ ရင်ဆိုင်ရတဲ့ ဘာစီလိုနာရဲ့အရေးကြီးပွဲစဉ်အများစုကို ဧည့်ခံကျင်းပခဲ့သလို အသင်းရဲ့ပထမဆုံးအိမ်ကွင်းပွဲစဉ်နှစ်ခုကိုတော့ အနည်းငယ်သေးငယ်တဲ့ ဂျိုဟန်ခရိုက်ဖ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဆက်လက်ပြီး ဘာစီလိုနာအသင်းက အောက်တိုဘာ ၂၁ ရက်၊ အိုလံပီယာကို့စ်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို Montjuic ရှိ အိုလံပစ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

ဘာစီလိုနာဘုတ်အဖွဲ့အတွင်းမှာတော့ နူးကမ့်အတွက် အတွင်းဘက်ပြုပြင်မွမ်းမံမှုတွေပြီးဆုံးချိန် ပရိသတ်ဦးရေ ၄၅,၀၀၀ အထိ ဝင်ဆံ့နိုင်မယ့် နိုဝင်ဘာလအထိ စိတ်ရှည်သည်းခံစွာစောင့်ဆိုင်းသွားကြဖို့ အကြံပြုမှုတွေလည်း ရှိနေပါတယ်။ ဒါမှသာ ချောမွေ့တဲ့အသွင်ကူးပြောင်းမှုဆီ ဦးတည်နိုင်ပြီး Montjuic ရှိ အိုလံပစ်ကွင်းမှာ ရရှိမယ့် ပွဲနေ့ဝင်ကြေးပမာဏနီးပါးကိုလည်း ပြန်လည်ရရှိနိုင်ပါလိမ့်မယ်။