အိုလ်မိုအတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်တဲ့ ဘာစီလိုနာ
သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်ကွင်းလယ်လူ ဒန်နီအိုလ်မိုကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Mundo Deportivoရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ အိုလ်မိုကို ယူရိုသန်း၆၀ စာချုပ်ဖျက်သိမ်းကြေး ပေးချေလိုပြီး ၆နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ အိုလ်မိုရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ မကြာခင် ကုန်ဆုံးတော့မှာဖြစ်ပေမေယ့် ဒီလိုကုန်ဆုံးမယ့်နေ့ရက်ကို ရက်သတ္တပတ်အနည်းငယ် ထပ်တိုးပေးဖို့ ဘာစီလိုနာက ညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုအချိန်မှာတော့ အိုလ်မိုဟာ လိုက်ပ်ဇစ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်လို့ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို လက်ခံစဉ်းစားရတော့မယ်လို့ သိရပါတယ်။