အာနိုးလ်ကိုခေါ်ယူဖို့ ဘာစီလိုနာက ဦးစားပေးနေသလို ပြိုင်ဆိုင်မှုထဲ ဝင်ရောက်လာတဲ့ မန်စီးတီး
အာနိုးလ်ဟာ ၂၀၂၅ ခုနှစ်တွင် စောင့်ကြည့်ရမယ့် ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။ လီဗာပူးနှင့် သူ့ရဲ့ စာချုပ်ဟာ ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးမှာမဟုတ်ဟု မျှော်လင့်ထားရတာက အခြားကလပ်များအတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အလက်ဇန်းဒါးအာနိုးလ်ကို လအတော်ကြာကတည်းက ခေါ်ယူရန်စိတ်ဝင်စားနေပြီး ဇန်နဝါရီတွင် ခေါ်ယူနိုင်ရန် ရည်မှန်းထားပါတယ်။ သို့သော် သူ့ကို ခေါ်ယူရန် ကြိုးစားနေတဲ့ကလပ်က ရီးရဲလ်မက်ဒရစ်တစ်သင်းတည်းတော့ မဟုတ်ပါဘူး။
CaughtOffside ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ အလက်ဇန်းဒါးအာနိုးလ်ကို ညာနောက်ခံလူနေရာအတွက် ဦးစားပေးခေါ်ယူလိုနေတာကြောင့် ကမ်းလှမ်းမှုပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဆီကနေ အင်္ဂလန်သားကို ခေါ်ယူဖို့ ရည်မှန်းထားတာကြောင့် ပြိုင်ဆိုင်မှုထဲသို့ ဝင်ရောက်လာခဲ့တယ်လို့လည်း ထင်ရပါတယ်။
လာမည့်လများအတွင်း အလက်ဇန်းဒါးအာနိုးလ်ရဲ့ အခြေအနေက မည်သို့မည်ပုံ ထွက်ပေါ်လာသည်ကို ကြည့်ရှုရန်က အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ နှစ်သင်းစလုံးဟာ အာနိုးလ်ကို အန်ဖီးလ်မှ ခေါ်ယူရန် စိတ်အားထက်သန်နေကြသော်လည်း လီဗာပူးကတော့ အင်္ဂလန်သားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ချက် မဆုံးရှုံးသေးတာဖြစ်ပါတယ်။