The network connection is lost.

Banner Image

မာယော့ကာနဲ့ ပွဲစဉ်အတွင်း ကလေးဆန်တဲ့အမှားတွေအတွက် စိတ်ပျက်နေခဲ့တဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာက အခုဘောလုံးရာသီလာလီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးပေမယ့် ဒီနေ့မနက်ပိုင်း၊ Son Moix ကွင်းမှာ မာယော့ကာနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် နူးကမ့်ကလပ်ရဲ့ နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲဆက်စံချိန်ဟာ ရပ်တန့်သွားခဲ့ပါတယ်။
 
အခုပွဲစဉ်မှာ အိမ်ရှင်မာယော့ကာတို့က မူရီကွီ၊ အက်ဘ်ဒွန်ပရက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ရာဖင်ဟာ၊ ဖာမင်းလိုပက်ဇ်တို့က ဘာစီလိုနာအတွက် ချေပဂိုးတွေ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဖာမင်းလိုပက်ဇ်က စီနီယာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ပွဲပြီးရလဒ်ပိုင်းကြောင့် ဘာစီလိုနာအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ နည်းပြဇာဗီကလည်း သူတို့အသင်း အနိုင်ရရှိခဲ့သင့်တယ်လို့ ပြောဆိုလိုက်ပြီး ပွဲကစားချိန်အတွင်း အမှားတွေ အများအပြားလုပ်ခဲ့မိတယ်လို့လည်း ဝန်ခံလိုက်ပါတယ်။
 
ဇာဗီက “ဒါက လုံလောက်မှုမရှိတဲ့ ရမှတ်ပါ။ ကျွန်တော်တို့ရဲ့ အမှားတွေကြောင့်ပါပဲ။ ပြိုင်ဘက်အသင်းရဲ့ ဒုတိယမြောက်သွင်းဂိုးဟာဆိုရင်လည်း ကျွန်တော်တို့ရဲ့ကလေးဆန်တဲ့ အမှားအယွင်းတစ်ခုပါ”လို့ ပြောပါတယ်။
 
အခုပွဲစဉ်ရလဒ်ပိုင်း အတွက် ဇာဗီရဲ့ဒေါသအိုးပေါက်ကွဲဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ မာယော့ကာရဲ့ဦးဆောင်ဂိုးက ဘာစီလိုနာခံစစ်ပိုင်းမှားယွင်းမှုကြောင့်ဖြစ်ပြီး ဒုတိယမြောက်သွင်းဂိုး ဆိုရင်လည်း အဝေးကန်ချက်တစ်ခုမှ မြစ်ဖျားခံလာတာပဲ ဖြစ်ပါတယ်။
 
ဘာစီလိုနာတို့ လမ်းကြောင်းမှန်ဆီ အမြန်ဆုံးပြန်ရောက်လာဖို့ လိုအပ်နေပါတယ်။ သူတို့က လာမယ့်သောကြာနေ့မှာ ဆီဗီလာနဲ့ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။