The network connection is lost.

Banner Image

စီးတီးစတားနဲ့ရင်ဆိုင်ရမယ့်အပေါ် ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက နောက်ခံလူ ဂါဘရီရယ်တစ်ယောက် အခုလာမယ့်စီးတီးနဲ့ပွဲမှာ ဟာလန်းကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။

ဘရာဇီးသား နဲ့ နော်ဝေသားတို့ဟာ အတိတ်ကာလတုန်းက အချင်းများမှုတွေရှိခဲ့တာဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ဂါဘရီရယ် နဲ့ ဟာလန်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြကာ အခုရာသီမှာလည်း နောက်ထပ်ပြင်းထန်မှုကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ဟာလန်းဟာ တစ်ပတ်အတွင်းမှာ နိုင်ငံအသင်းအတွက်ကော ကလပ်အသင်းအတွက်ပါ ၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကာ အခုလည်း အာဆင်နယ်နဲ့ပွဲမှာ ထပ်မံဂိုးပေါက်ရှာတွေ့နိုင်ဖွယ်ရှိနေပါတယ်။ အာတီတာကတော့ ဂါဘရီရယ်အနေနဲ့ ဟာလန်းကို အကောင်းဆုံးထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ “အဲ့တာက သူ့အရည်အချင်းပါ။ သူက ခံစစ်စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားတွေထဲတစ်ယောက်ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာလည်း ကောင်းပါတယ်။

ပွဲအတွင်းသူပါဝင်ရတာကို နှစ်သက်ပါတယ်။ အဲ့တာကို သူနှစ်သက်ပါတယ်။ အဲ့တာက သူ့မှာရှိတဲ့အရည်အချင်းပါ။ ဟာလန်းလိုကစားသမားမျိုးကလည်း သူနဲ့ဆင်တူပါတယ်။ ဒီလိုအရည်အချင်းမျိုးအသင်းမှာ လိုအပ်ပါတယ်။ အဲ့လိုအကျိုးရှိတဲ့အရည်အချင်းမျိုး လိုအပ်ပါတယ်။ အသင်းအတွက်လည်း သူ့လိုနောက်ခံလူမျိုးလိုအပ်ပါတယ်။ ခင်ဗျားပြိုင်ဘက်အရည်အချင်းပေါ်မူတည်ပြီး အခြေအနေအများစုကို ဖြေရှင်းရပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ ဘာမှမထိမိခဲ့ဘူးဆိုရင် အဲ့တာကိုမလိုအပ်ပါတယ်။

ပိုတောင်ကောင်းနိုင်ပါတယ်။ ဒါပေမယ့် ဂါဘီမှာက ၂ ခုစလုံးရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ အာတီတာက ဂါဘရီရယ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ ဟာလန်းရဲ့ပုံစံကောင်းက အာဆင်နယ်အတွက် ခက်ခဲတဲ့စမ်းသပ်မှုဖြစ်လာာနိုင်ပါတယ်။ နော်ဝေသားက ပရီးမီးယားလိဂ် ၄ ပွဲမှာ ၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းပြသနေပါတယ်။
အာဆင်နယ် နဲ့ ဂါဘရီရယ်အတွက် ဟာလန်းကို ထိန်းချုပ်ကစားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး အသာစီးရယူနိုင်တဲ့အသင်းက ချန်ပီယံဆုအတွက် အခွင့်အရေးပိုကောင်းလာဖွယ်ရှိနေပါတယ်။

အာဆင်နယ် နဲ့ စီးတီးတို့ပွဲက ၆ မှတ်တန်ပွဲဖြစ်သလို အနိုင်ရမယ့်အသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ ပိုအသာရသွားမှာဖြစ်ပါတယ်။