နွေရာသီမှာ ဘယ်နေရာ အားဖြည့်ရမလဲဆိုတာ စဉ်းစားနေတုန်းပဲလို့ ဝန်ခံလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက နွေရာသီအပြောင်းအရွှေ့အတွင်း ဘယ်နေရာကို အားဖြည့်ရမလဲဆိုတာ စဉ်းစားနေဆဲဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနှစ်နွေရာသီအတွင်း အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လှုပ်ရှားမှုမရှိသေးပါဘူး။
ဒါပေမယ့် အာတီတာက "ကျွန်တော်တို့ရဲ့ ရာသီကြိုအစီအစဉ်မှာ မတူညီတဲ့အခြေအနေနဲ့ ကစားသမား အုပ်စု၄ခုရှိနေတာကြောင့် ဒီကိုအရင်ရောက်လာတဲ့ ကစားသမားတွေက နောက်မှရောက်လာတဲ့ ကစားသမားတွေနဲ့အပြိုင် ဖြစ်နေရပါမယ်။ ကျွန်တော် သူတို့ကို ပြောစရာအများကြီးမရှိပါဘူး။ ဘာလုပ်ရမယ်ဆိုတာ သူတို့သိပါတယ်။ သူတို့က အရမ်းကောင်းတဲ့ ကစားသမားတွေဖြစ်ပြီး နေရာရနိုင်တဲ့ ကစားသမားတွေဆိုတာ သိပေမယ့် နေရာရဖို့အတွက် တစ်ခါတစ်လေ အသေးစိတ်အချက်လေးတွေက ကွာခြားသွားပါတယ်"
"ကျွန်တော့်အတွက်တော့ ကစားသမားတွေ ရာသီကြို အစီအစဉ်ကို ရောက်လာရင် ကျွန်တော်တို့ကို ကြည့်မယ်၊ စိတ်ဓာတ်ပိုင်းကို ကြည့်မယ်၊ ပြင်ဆင်မှုတွေကို ကြည့်မယ်၊ ပြောစကားတွေကို ကြားမယ်၊ အဲ့ဒီကနေ ငါတို့ခြေစွမ်းတွေ ဒီထက်ပိုတိုးတက်လာတော့မှာပါလားဆိုပြီး သဘောပေါက်သွားတဲ့အချိန်ကို အကြိုက်ဆုံးပါပဲ။ ကျွန်တော်သာ ဒီအသင်းမှာ ကစားချင်တယ်ဆိုရင် အသင်းအတွက် အကောင်းဆုံး လုပ်ပြမှာပါပဲ။ နေရာတိုင်းမှာ ကွာခြားချက်ဆိုတာရှိပြီး တချို့က သေးငယ်တယ်၊ တချို့က ကြီးမားတယ်၊ တချို့ကလည်း ကွာဟတာ အလွန်ကြီးပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ တည်ငြိမ်တဲ့ နည်းလမ်းတစ်ခုနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။ အဲ့ဒါက ပထမအပိုင်းပါ။ အခြားဟာတွေက အဆင်ပြေပြီး ကျွန်တော်တို့ တိုးတက်လာနိုင်သေးတဲ့အရာတွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လုပ်နိုင်ရပါမယ်"လို့ ပြောခဲ့ပါတယ်။