The network connection is lost.

Banner Image

နည်းပြသစ်အန်းစလော့ထံ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့အတွက် တောင်းဆိုမှု ပြုလုပ်လိုက်တဲ့ လီဗာပူးကြယ်ပွင့်

အန်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျာမန်ကလပ် စတုဂတ်ကနေ ပေါင် ၁၆.၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားထားတာဖြစ်ပါတယ်။

ဂျပန်ကွင်းလယ်ကစားသမားဟာ လီဗာပူးရှိ သူ့ရဲ့ပထမဆုံးရာသီမှာ တိုးတက်အောင်မြင်လာခဲ့ပြီး နွေရာသီမှာ ခေါ်ယူခဲ့တဲ့ မက်အက်လစ္စတာနဲ့အတူ ကွင်းလယ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်။ အထင်ကြီးလောက်စရာအကောင်းဆုံးရာသီတစ်ခုဖြစ်သော်လည်း အသက် ၃၁ နှစ်အရွယ်ကစားသမားက မက်အက်လစ္စတာ လွတ်လွတ်လပ်လပ်ကစားနိုင်ရန်နှင့် သီယာဂို ထွက်ခွာသွားမှုအတွက် ကာမိစေရန် ယခုနွေရာသီတွင် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး ခေါ်ယူစေချင်ကြောင်း ဝန်ခံခဲ့ပါတယ်။

"အဲဒီသတင်းတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒါပေမယ့် နံပါတ် ၆ နေရာအတွက် ကစားသမားရရင် ပိုကောင်းမယ်လို့ ထင်ပါတယ်""သူတို့က နံပါတ် ၁၀ ကစားသမား မက်အက်လစ္စတာကို နံပါတ်၆ အဖြစ် ကြည့်နေတာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ စစချင်းတော့ နံပါတ် ၆ ကစားသမားတွေ အများကြီးမရှိပါဘူး" "ကျွန်တော် ကစားဖို့ အခွင့်အရေး အများဆုံး ရခဲ့ပြီး မက်အက်လစ္စတာလည်း အလားတူပါပဲ။ ကျွန်တော်တို့မှာ သီယာဂိုလည်းရှိခဲ့ပေမယ့် သူက ဒဏ်ရာတွေ အများကြီးရပြီး ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားပါတယ်" "ကျွန်တော်တို့မှာ ဘက်ဂျက်စတစ် ရှိပေမယ့် သူက ချက်ချင်းပါဝင်ကူညီနိုင်မလားဆိုတာတော့ မသေချာသေးပါဘူး" လို့ သူက ဂျပန်သတင်းစာဖြစ်တဲ့ ABEMA Sports Time သို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ ယခုနွေရာသီတွင် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကင်မစ်ချ်နှင့် ချိတ်ဆက်နေပြီး ကစားသမားအသစ် ထပ်မံရောက်ရှိလာပါက ပျော်ရွှင်ရမယ်လို့ အန်ဒိုက အခိုင်အမာပြောဆိုခဲ့ပါတယ်။ "အသက်အရွယ်နဲ့ တွက်ကြည့်ရင်တော့ နံပါတ် ၆ ကို ကျွန်တော် ကစားနိုင်ဦးမယ်လို့ ထင်ပါတယ်" "ဒါပေမယ့် နောက်ဆုံးမှာ အသင်းကို ပိုသန်မာစေချင်တယ်ဆိုရင် ပြိုင်ဆိုင်မှုတွေ ရှိလာမှာဖြစ်လို့ ကိုယ့်နေရာအတွက် ထပ်ပြီးအနိုင်ယူဖို့ပဲ လိုတာပါ" "ဒါကြောင့် ကျွန်တော် တကယ်စိတ်မပူပါဘူး။ တကယ်တော့ ကျွန်တော် ကစားနိုင်မယ်ဆိုရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်"လို့ အန်ဒိုက ပြောပါတယ်။