The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲစဉ်အတွက် အရမ်းစိတ်လှုပ်ရှားမိတယ်လို့ ဆိုခဲ့တဲ့ အာဆင်နယ်နည်းပြအာတီတာ

ကာရာဘောင်းဖလားပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် အခိုက်အတန့်ကို အာဆင်နယ်နည်းပြအာတီတာ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဒီကလပ်အသင်းနှစ်ခုက လာမယ့်သီတင်းပတ်တွေအတွင်း အကြိတ်အနယ်ရှိမယ့်ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားပါတယ်။ အခုညပိုင်း၊ အိမ်ကွင်းပွဲစဉ်နဲ့အတူ အာတီတာက ဂန်းနားတွေဟာ ပထမအကျော့မှာ ပြိုင်ဘက်နယူးကာဆယ်ကို အသာစီးရယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

တနင်္လာနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အာတီတာက “ကိုယ့်ရဲ့အိမ်ကွင်းပရိသတ်ရှေ့မှောက် ကစားရမယ့်ပွဲစဉ်အတွက် ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မယ့် အခွင့်အလမ်တစ်ခုကို ပေးစွမ်းနိုင်မယ့် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ နှစ်ကျော့ယှဉ်ပြိုင်ရမယ့်ဆီမီးဖိုင်နယ်အတွဲအဖက်ကို မနက်ဖြန်မှာ စတင်ယှဉ်ပြိုင်ကစားရပါမယ်။

ပြိုင်ဆိုင်မှုအရမ်းပြင်းထန်တဲ့ ပြိုင်ဘက်အသင်းနဲ့ ရှည်လျားတဲ့ပွဲစဉ်နှစ်ခုကို ကစားရမယ်ဆိုတာ သိပေမယ့် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့အတွက် ကိုယ့်ရဲ့အိမ်ကွင်းကြီးမှာ အရမ်းကြီးမားတဲ့ အားပေးမှုတစ်ခု လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အမ်းမရိတ်စ်ကွင်းကြီးမှာရှိနေမယ့် ပရိသတ်ကြီးကို ရာနှုန်းပြည့်လေးစားမှုရှိပါတယ်။

ကျွန်တော်တို့အသင်းရဲ့ပရိသတ်တွေနဲ့အတူ အမ်းမရိတ်စ်ကွင်းကြီးမှာ ကျွန်တော်တို့ခံစားရရှိမယ့် အရာက မယုံကြည်နိုင်စရာကောင်းပါတယ်။  ကျွန်တော်တို့လိုချင်တဲ့ ဆုဖလားတစ်ခုအတွက် အရမ်းကောင်းတဲ့ပြိုင်ဘက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ကြီးမားတဲ့အရာတစ်ခု ဖန်တီးသွားရပါလိမ့်မယ်။ ဒါကြောင့် အခုလိုဖန်တီးနိုင်ဖို့ အတူရှေ့ဆက်လျှောက်လှမ်းကြပါစို့”လို့ ပြောပါတယ်။