The network connection is lost.

Banner Image

စပို့တင်းစတားကို ခေါ်ယူဖို့ အရှိန်မြှင့်လာတဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းက ကြားဝင်လာနိုင်မှုကြောင့် စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကို ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီလို့ သိရပါတယ်။ နောက်ထပ်ဆုဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အာဆင်နယ်ဟာ လာမယ့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

မန်ဟာသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်အတွက်ကနဦး ကမ်းလှမ်းမှုအဖြစ် ပေါင် ၆၃ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီကလပ်အသင်းဥက္ကဌ ဗာရန်ဒက်စ်အနေနဲ့ ကနဦးကမ်းလှမ်းမှုထက်ပိုတောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ဆွီဒင်သားကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်နေပြီး ချဲလ်ဆီးအသင်းဘက်က စာချုပ်ဖျက်သိမ်းကြေးပေါင် ၈၅ သန်းပေးချေလာနိုင်တယ်လို့ သတင်းတွေက ဆိုနေပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာ လာမယ့်နွေရာသီရဲ့ပထမဆုံးခေါ်ယူမှုအဖြစ် ဇူဘီမန်ဒီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်ဟာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။