The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာအတွက် ကစားသမားအင်အားဖြည့်တင်းရန် စိတ်အားထက်သန်နေတဲ့ ဒီကလန်ရိုက်စ်

ဖလားလက်မဲ့ဘောလုံးရာသီဖြစ်လာပြီးနောက် အာဆင်နယ်အနေဖြင့် လာမယ့်နွေရာသီကာလမှာ အသင်းလူစာရင်းပိုင်းကို အင်အားဖြည့်တင်းသွားဖို့ လုပ်ဆောင်လိမ့်မယ်လို့ ဒီကလန်ရိုက်စ်က မျှော်လင့်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်က လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် သေချာပေါက်ရရှိစေဖို့ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ နယူးကာဆယ်ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီကလန်ရိုက်စ်က အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ခုနစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ကိုးကြိမ် ပြုလုပ်ခဲ့ပါတယ်။

အခုလိုကိန်းဂဏန်းတွေက ဒီကလန်ရိုက်စ်ရဲ့ကစားသမားသက်တမ်းမှာ အအောင်မြင်ဆုံးမှတ်တိုင်တစ်ခုအဖြစ် တံဆိပ်ကပ်ပေးနိုင်ပေမယ့် လာမယ့်ရာသီ၊ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ဆိုရင် ကစားသမားသစ်တွေခေါ်ယူဖို့ လိုအပ်တယ်လို့ ပြောဆိုရင်း ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုအဖြစ် သတ်မှတ်သွားခဲ့ပါတယ်။

နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဒီကလန်ရိုက်စ်က “ ပြီးခဲ့တဲ့နှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အလွန်နီးစပ်ခဲ့သလို ဒီနှစ်မှာလည်း ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့စံနှုန်းအရ ဒါက အရမ်းညံ့ဖျင်းလွန်းပါတယ်။ အစစ်အမှန်အောင်ပွဲတစ်ခုဖြစ်လာအောင် လုပ်ဆောင်သွားရပါမယ်။

ကျွန်တော်တို့အသင်းမှာရှိနေတဲ့ နည်းပြ၊ ကစားသမားအင်အားနဲ့အတူ ဖလားပြိုင်ပွဲတိုင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။ ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ဘာအာမခံချက်မှ မရှိသေးပါဘူး”လို့ ပြောပါတယ်။

လာမယ့်ဘောလုံးရာသီအတွက် ကြိုတင်သုံးသပ်ချက်မှာလည်း ဒီကလန်ရိုက်စ်က အာဆင်နယ်အနေဖြင့် ဆုဖလားတွေရယူဖို့ မျှော်မှန်းထားပေမယ့် အသွင်သစ်ကစားသမားစာရင်းတစ်ခုကိုလည်း တည်ဆောက်သွားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

သူက “ ကစားသမားအချို့ကို လက်လွှတ်ရဖို့ရှိတာကြောင့် ကစားသမားသစ်တွေ ပိုမိုခေါ်ယူရင်း လာမယ့်နွေရာသီကာလမှာ ပိုမိုအင်အားတောင့်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီကလပ်အသင်းအတွက် တစ်ခုခုကိုအနိုင်ရရှိဖို့ ပိုမိုဆာလောင်နေမယ်ဆိုရင်တောင် အဆင်သင့်ဖြစ်နေတဲ့ အသန်မာဆုံးပုံစံမျိုးနဲ့ နောက်ရာသီအတွက် ပြန်လာနိုင်ရပါမယ်။ ဒါကပဲ ကျွန်တော်တို့အားလုံး လိုချင်နေတဲ့အရာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။