The network connection is lost.

Banner Image

ခြေစမ်းပွဲမှာ အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့ပြီးနောက် မက်ဆေ့ချ်ပေးပို့လာတဲ့ ဒီဘရိုင်း

ရာသီကြိုခြေစမ်းပွဲမျာ တတိယတန်းလိဂ်ကလပ် အရီဇိုအသင်းကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် နာပိုလီကွင်းလယ်လူ ဒီဘရိုင်းက ထုတ်ဖော်ပြောကြားလာပါတယ်။ ရလဒ်က ဆိုးဝါးခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယံသားက အင်တာဗျူးမှာ သူ့အနေနဲ့ မိနစ်ကောင်းအချို့ရရှိခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အရီဇိုနဲ့ခြေစမ်းပွဲမှာ ဒီဘရိုင်းက နာပိုလီအတွက် ပထမဆုံးပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။ မန်စီးတီးစတားဟောင်းဟာ ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။

အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့ပေမယ့် အခုပွဲက သူ့အတွက်ကော နာပိုလီအတွက်ပါ သွေးပူလေ့ကျင့်ခန်းဆင်းသလိုဖြစ်နေပြီး အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ အင်စတာဂရမ်ကနေ တင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ မန်စီးတီးမှာဒဏ်ရာရခဲ့ပြီးနောက် ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နေရဆဲဖြစ်ပါတယ်။ နာပိုလီကလည်း လာမယ့်ရာသီသစ်အတွက် အသင်းအတွင်း စည်းလုံးမှု နဲ့ အရှိန်အဟုန်တစ်ခုကို တည်ဆောက်ချင်နေပါတယ်။

“ဒီနေ့ ကျွန်တော့်ရဲ့ပွဲဦးထွက်ကစားခွင့်ရတဲ့အတွက် အရမ်းပျော်မိပါတယ်။ မိနစ်ကောင်းအချို့ရခဲ့ပါတယ်။ ဆက်ပြီးကြိုးစားရပါမယ်”လို့ အင်စတာဂရမ်မှာ ဒီဘရိုင်းက တင်ခဲ့ပါတယ်။ နာပိုလီဟာ နောက်ထပ်ခြေစမ်းပွဲတွေအဖြစ် ကန်တန်ဇာရို ၊ ဘရက်စ်စတဲ့အသင်းတွေနဲ့ ခြေစမ်းဦးမှာဖြစ်ပါတယ်။ ဒီဘရိုင်းအနေနဲ့ လာမယ့်အပတ်တွေမှာ ပွဲထွက်ခွင့်ပိုရလာဖွယ်ရှိနေပြီး လာမယ့်ရာသီစီးရီးအေချန်ပီယံဆုကာကွယ်ရေးမှာ အဓိကကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။