The network connection is lost.

Banner Image

အာဆင်နယ်အသင်းနဲ့ဆေးစစ်မှုခံယူမယ့် ဆိုစီဒက်စတား ဇူဘီမန်ဒီ

ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီတစ်ယောက် အာဆင်နယ်အသင်းထံ မပြောင်းခင် ဆေးစစ်မှုခံယူမယ်လို့ သိရပါတယ်။ ဘီဘီစီသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ဆိုစီဒက်စတားကို ပေါင် ၅၁ သန်းပေးချေကာခေါ်ယူနိုင်တော့မှာဖြစ်ပြီး ဆေးစစ်မှုလည်း ပြုလုပ်တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ အာဆင်နယ်ကိုမပြောင်းခင် လွန်ခဲ့တဲ့ ၁ နှစ်တုန်းက လီဗာပူးအသင်းကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ အာဆင်နယ်ဟာ ဇူဘီမန်ဒီရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၁ သန်းကိုပေးချေခဲ့တာဖြစ်ပြီး အာဆင်နယ် နဲ့ ဆိုစီဒက်တို့ကြားမှာလည်း အခြေခံသဘောတူညီမှုတွေရရှိခဲ့ပြီလို့ သိရပါတယ်။ ရီးရဲလ်အသင်းဘက်က ဆိုစီဒက်စတားကို ကြားဖြတ်လုယူဖို့ ပြင်ဆင်ခဲ့ပေမယ့် အာဆင်နယ်ကသာ လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်သားဟာ အာဆင်နယ်ကိုမပြောင်းခင် ဆိုစီဒက်အတွက် ၂၃၆ ပွဲမှာ ပါဝင်ကစားခဲ့ကာ ၁၀ ဂိုးသွင်း ၊ ၉ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ ကွင်းလယ်ဗဟိုနေရာအပြင် ခံစစ်တန်းမှာလည်း ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဇူဘီမန်ဒီကို ပထမဆုံးခေါ်ယူနိုင်ခဲ့ပြီးနောက် တိုက်စစ်ပိုင်းနေရာအတွက် စပို့တင်းစတား ယိုကရက်စ် နဲ့ လိုက်ပ်ဇစ်စတား ဆက်စ်ကိုတို့ကို ချိတ်ဆက်နေပါတယ်။

ဒါ့အပြင် ရှိရင်းစွဲစတားတွေဖြစ်တဲ့ ဆာကာ ၊ ဆာလီဘာ ၊ ဂါဘရီရယ် ၊ ထရိုဆက် ၊ ပါတေး ၊ စကယ်လီ နဲ့ ဝမ်နီရီတို့ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပါတယ်။