The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲမှာ လီဗာပူးစတား ၂ ဦးပြန်လာဖွယ်ရှိနေတယ်လို့ အန်းစလော့ မျှော်လင့်နေ

လီဗာပူးနည်းပြ အန်းစလော့က လာမယ့်စနေနေ့မှာကန်မယ့် ဖူလ်ဟမ်နဲ့ပွဲမှာ ဂျိုတာ နဲ့ ချီယေဆာတို့ ပြန်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လီဗာပူးအသင်းဟာ အခုအပတ်မှာ အဝေးကွင်းပွဲအဖြစ် ဖူလ်ဟမ်ကွင်းကို သွားကန်ရမှာဖြစ်ကာ လက်ရှိမှာ ဒုတိယနေရာက ချဲလ်ဆီးကို ၄ မှတ်ဖြတ်ထားနိုင်ပါတယ်။

အန်းစလော့အတွက်တော့ တိုက်စစ်ပိုင်းမှာ ဂျိုတာ နဲ့ ချီယေဆာပြန်လာနိုင်မှာက သတင်းကောင်းဖြစ်လာပါတယ်။ ပေါ်တူဂီသားဟာ အောက်တိုဘာလကတည်းက ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး ချီယေဆာကလည်း ပရီးမီးယားလိဂ် ၁ ပွဲသာ ပါဝင်ခွင့်ရရှိထားသေးတာဖြစ်ပါတယ်။

အီတလီသားအခြေအနေက သာမန်အနေအထားဖြစ်ပေမယ့် စက်တင်ဘာနှောင်းပိုင်းကတည်းက ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပြီး ယူ - ၂၁ အသင်းနဲ့ ပြီးခဲ့တဲ့အပတ်တုန်းက ဝင်ကန်ခဲ့ရာမှာတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ “သူတို့ ၂ ယောက် ပြန်လာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ခန်းတစ်ချိန်တော့ ဆင်းပြီးပါပြီ။ ဖက်ဒရီကိုကတော့ အနည်းငယ်လွဲချော်ထားပါတယ်။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။

ဒီယေဂိုလည်း အသင်းလူစာရင်းထဲမှာ ပါဝင်လာနိုင်သလို ချီယေဆာလည်းအတူတူပါပဲ။ သူတို့ကြံ့ခိုင်မှုအခြေအနေပေါ်မှာပဲ မူတည်ပါတယ်။ ပွဲအများကြီးကန်နေရတာက ခက်ခဲပါတယ်။ ကျွန်တော်တို့ သူ့ကို ကစားချိန်ပေးဖို့ လိုအပ်ပါတယ်။ ခင်ဗျားအနေနဲ့ ၅ လ ဒါမှမဟုတ် ၆ လလောက်မကစားရဘူးဆိုရင် ပွဲထွက်ခွင့်မိနစ်ပေးရတာ ခက်ခဲပါတယ်။

ဘာလို့လဲဆိုတော့ ခင်ဗျားဆီကနေ ဘာတွေရနိုင်မလဲဆိုတာ မသိလို့ပါ။ ဆောက်သမ်တန်နဲ့ပွဲက ပွဲကောင်းဖြစ်လာနိုင်ပါတယ်။ သူ့ကို ပွဲထွက်ခွင့်မိနစ်ပေးရပါမယ်။ သူ့အတွက် ကြံ့ခိုင်မှုလိုအပ်ပါတယ်။ သူ့အတွက် ကစားချိန်လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့တာက အမြဲတမ်းမဖြစ်နိုင်ပါဘူး”လို့ အန်းစလော့ က ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ ကာရာဘောင်ဖလားပွဲမှာ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အလီဆင်ပါ ပြန်လာနိုင်ချေရှိနေပါတယ်။ ကိုနာတေး ၊ ဘရက်ဒလေ နဲ့ ဆီမီကက်စ်တို့ကတော့ ဒဏ်ရာအခြေအနေကြောင့် ဆက်လက်နားရဦးမှာဖြစ်ပါတယ်။