The network connection is lost.

Banner Image

လီဗာပူးအသင်းမှ အာနိုးလ်ထွက်ခွာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို တုံ့ပြန်လာတဲ့ အန်းစလော့

လီဗာပူးအသင်းနည်းပြ အန်းစလော့က လတ်တလောသတင်းစာရှင်းလင်းပွဲတစ်ခုမှာ အာနိုးလ်ရဲ့အနာဂတ်အကြောင်းဆွေးနွေးဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဆီရောက်ရှိနေတဲ့ လီဗာပူးရဲ့ရာသီကြိုခရီးစဉ်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံဖို့အတွက် အန်းစလော့ဆီ တာဝန်ကျရောက်လာပြီးနောက် ညာနောက်ခံလူအာနိုးလ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းမှုတွေကို ရင်ဆိုင်လာရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားက ၂၀၂၅ ခုနှစ်၊ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားလိမ့်မယ်လို့ ဖော်ပြမှုတွေလည်း ရှိနေပါတယ်။ အာနိုးလ်က စပိန်မြေ၊ ပွဲဦးထွက်ဘောလုံးရာသီမှာပဲ အစွမ်းကုန်တောက်ပခဲ့တဲ့ ဘယ်လင်ဟမ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ပါတယ်။

မာဆေးဆိုဒ်မှာ အင်္ဂလန်ကြယ်ပွင့်ရဲ့အနာဂတ်ဘယ်လိုရှိသလဲဆိုတာနဲ့ စာချုပ်သစ်ပေးနိုင်ဖို့ ရှိသလားဆိုတဲ့ မေးခွန်းတွေကို အန်းစလော့က “ဒီအတွက် ကျွန်တော့်ရဲ့အဖြေက နည်းနည်းတော့ ငြီးငွေ့စရာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုအဖြေမျိုးကို လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်လောက်အတွင်း ခင်ဗျားတို့တွေ အကြိမ်ကြိမ်ကြားခဲ့ဖူးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုစာချုပ်သစ်ကိစ္စတွေက အခုလိုသတင်းစာရှင်းလင်းပွဲမှာ ဆွေးနွေးရမယ့်အရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ကြိုးစားနေတယ်လို့ပဲ ပြောပါရစေ”လို့ တုံ့ပြန်ခဲ့ပါတယ်။

စလော့က အာနိုးလ်ရဲ့အနာဂတ်အပေါ် စိုးရိမ်နေတဲ့ပုံစံမျိုး မရှိပေမယ့် ကလပ်အသင်းနဲ့ပတ်သက်လို့ အသက်-၂၅ နှစ်အရွယ် ကစားသမားရဲ့ ကတိကဝတ်ကြောင့် ချွေးစေးတော့ထွက်နေပါလိမ့်မယ်။ မာဆေးဆိုဒ်ကလပ်ရဲ့ပရိသတ်တွေကလည်း သူတို့ရဲ့အကယ်ဒမီကြယ်ပွင့်ကို အသင်းမှာကာလတာရှည် မြင်တွေ့နေရဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးရဲ့ ကမ်းလှမ်းလာမှုကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကစားသမားမဆို ငြင်းဆန်နိုင်ဖွယ် မရှိပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့သူငယ်ချင်းတစ်ယောက် အဲ့ဒီကလပ်အသင်းအတွက် ကစားနေချိန်မျိုးမှာ ပိုပြီးတောင် မဖြစ်နိုင်ပါဘူး။

အခုနွေရာသီ၊ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးပြီးနောက် အာနိုးလ်က အားလပ်ရက်အချို့ ရရှိနေပါတယ်။ ဒီအားလပ်ရက်မှာ သူ့ကို ဘယ်လင်ဟမ်နဲ့အတူ မြင်တွေ့ခဲ့ရလို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကုန်ဆုံးချိန် အန်ဖီးလ်မှ အာနိုးလ်ထွက်ခွာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ပြည့်နှက်လာခဲ့ပါတယ်။