The network connection is lost.

Banner Image

အသင်းမှထွက်ခွာမယ့် ကပ္ပတိန်ဟောင်းနာချိုကို ချီးကျူးထောပနာပြုလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း နာချိုဖာနန်ဒက်ဇ်က ကလပ်အသင်းဆီ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် နှုတ်ဆက်လမ်းခွဲစကား ပြောဆိုခဲ့ပါတယ်။ ဝါရင့်နောက်ခံလူက စာချုပ်သက်တမ်းတိုးမယ့်ကမ်းလှမ်းမှုတစ်ခုကို ပယ်ချခဲ့ပြီးနောက် အခုနွေရာသီအစောပိုင်းမှာပဲ ရီးရဲလ်မက်ဒရစ်နဲ့ ၂၃ နှစ်ကြာသံယောဇဉ်ကို ဖြတ်တောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကလပ်အသင်းဘက်က သူ့ကို ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အသင်းမှာဆက်ရှိနေဖို့ လိုလားခဲ့ပေမယ့် ကစားသမားဘက်ကတော့ Al-Qadsiah နဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုကာ ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌကြီးပီရက်ဇ်ကလည်း အသင်းမှာ နှစ်ပေါင်းများစွာကြာ ကိုယ်ကျိုးမငဲ့ပေးဆပ်ခဲ့မှုတွေအတွက် နာချိုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ပီရက်ဇ်လိုပဲ နည်းပြအန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်နည်းပြဘဝသက်တမ်းနှစ်ကြိမ်မှာ ပြည်တွင်းပြည်ပအောင်မြင်မှုတွေ ရယူနိုင်ရေး အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ရှိနေခဲ့တဲ့ နာချိုရဲ့ စွယ်စုံရအရည်အသွေးနဲ့ စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုတို့အပေါ် ချီးကျူးပြောဆိုလိုက်ပါတယ်။

အန်ဆယ်လော့တီက “ ဒီလိုကစားသမားကောင်းတစ်ဦးကို ပိုင်ဆိုင်ထားရတာ နည်းပြတစ်ဦးအတွက်ဆိုရင် ကံကောင်းမှုတစ်ရပ်ပါပဲ။ ဒီဂျာစီအင်္ကျီနဲ့ အလေးအနက်ရှိမှုတွေ၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေကို ချိတ်ဆက်ထားပါတယ်။ နာချိုက နေ့စဉ်နေ့တိုင်း အမြဲတမ်းလိုလို ကူညီပံ့ပိုးပေးနေတတ်တဲ့ ကစားသမားတစ်ဦးပါ။ Goodbye လို့ပြောရခြင်းက မလွယ်ကူပါဘူး။ အသင်းမှထွက်ခွာဖို့ကို သူရွေးချယ်ခဲ့ပြီး ကျွန်တော်တို့တွေ ဒီဆုံးဖြတ်ချက်အပေါ် လေးစားမှုရှိရပါမယ်။ နာချိုက ရီးရဲလ်မက်ဒရစ်ရဲ့နှလုံးသားထဲမှာ အစဉ်ထာဝရ ရှိနေပါလိမ့်မယ်”လို့ ပြောပါတယ်။

ဆော်ဒီပရိုလိဂ်ဆီတန်းတက်လာတဲ့ Al-Qadsiah က သူတို့ရဲ့၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို သြဂုတ် ၂၃ ရက်မှာ Al Fateh နဲ့ ယှဉ်ပြိုင်ကစားရင်း စတင်သွားပါလိမ့်မယ်။