The network connection is lost.

Banner Image

ဝုဗ်စတားကိုချိတ်ဆက်နေတဲ့သတင်းတွေကို မှတ်ချက်ပြုဖို့ ငြင်းဆန်ခဲ့တဲ့ အာမိုရင်

ယူနိုက်တက်အသင်းက ချိတ်ဆက်နေတယ်ဆိုတဲ့ ဝုဗ်စတား ကန်ဟာရဲ့သတင်းတွေနဲ့ပတ်သက်ပြီး နည်းပြ အာမိုရင်က မှတ်ချက်ပြုဖို့ ငြင်းဆန်လိုက်ပါတယ်။သောကြာနေ့က ဘုန်း 
မောက်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ အာမိုရင်က ကန်ဟာကို ချိတ်ဆက်နေတာနဲ့ပတ်သက်ပြီး ခန့်မှန်းဖို့ ခက်ခဲတယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရာဇီးသားရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၆၂.၅ သန်းရှိနေပြီး သတင်းတွေအရ ယူနိုက်တက်အနေနဲ့ အဆိုပါတန်ကြေးကို တတ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်နေပေမယ့် ကန်ဟာကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းထံပြောင်းရွှေ့နိုင်မယ်လို့ အကောင်းမြင်နေပါတယ်။ 

ကစားသမားရဲ့တာဝန်ရှိသူတွေ နဲ့ ယူနိုက်တက်တို့ကြား ဆွေးနွေးမှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ အာမိုရင်က “ကျွန်တော် ကန်ဟာအကြောင်းမပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ အခြေအနေက ကျွန်တော်အတိအကျမသိရသေးလို့ပါ။ အဲ့တာကြောင့် မှတ်ချက်မပြုချင်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘုန်းမောက်နဲ့ပွဲကို အရင်ကန်ရမှာဖြစ်ပြီး အဲ့နောက် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ယူရိုပါလိဂ်ဖလားရယူနိုင်ဖို့ လိုအပ်နေကာ ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။