The network connection is lost.

Banner Image

ဖာနန်ဒက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အာမိုရင်

ယူနိုက်တက်နည်းပြ အာမိုရင်က အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့သလို အပြောင်းအရွှေ့အစီအစဉ်အကြောင်းလည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ကို ယူရိုပါလိဂ်ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီးနောက် ဖာနန်ဒက်စ်ရဲ့အနာဂတ်က မသေချာတဲ့သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သတင်းတွေအရလည်း ယူနိုက်တက်ဟာ ငွေကြေးတစ်ရပ်ရှာဖွေဖို့ ဖာနန်ဒက်စ်ကို ရောင်းချနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ ပေါ်တူဂီသားကို ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းက ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အနာဂတ်မသေချာတဲ့အနေအထားမှာ အာမိုရင်က သတင်းထောက်တွေကို “သူ(ဖာနန်ဒက်စ်)က ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့သူပါ။ သူ့ကိုဦးတည်ပြီး ဒီအသင်းကို တည်ဆောက်ချင်တာပါ။ လာမယ့်ရာသီချန်ပီယံလိဂ်မရှိတာကြောင့် ကြီးမားတဲ့လူအင်အားမလိုပါဘူး။ 

ကျွန်တော်တို့ အသင်းကိုကောင်းမွန်တဲ့နည်းလမ်းနဲ့ ထိန်းချုပ်နိုင်ပါတယ်။ အဲ့နောက် ကျွန်တော်တို့ ကစားသမားသစ်အချို့ခေါ်ယူဖို့အစီအစဉ်ရှိပါတယ်။ မှန်ပါတယ်။ လူစာရင်းက အပြောင်းအလဲအများကြီးမရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘဏ္ဍာရေးစည်းမျည်းရှိနေတာကြောင့်ပါ။ ကျွန်တော်တို့ကို ဒီနွေမှာ အများကြီးသုံးခွင့်မပေးထားပါဘူး”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအာရှဘက်ဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး အာဆီယံအောစတားအသင်း ၊ ဟောင်ကောင်လက်ရွေးစင်အသင်းတွေနဲ့ ခြေစမ်းပွဲကန်မှာဖြစ်ပါတယ်။