အချစ်အတွက် မန်စီးတီးကနေ ချဲလ်ဆီးဘက် မြားဦးလှည့်လာတဲ့ အယ်လီ
တော့တင်ဟမ်ကွင်းလယ်လူ ဒယ်လီအယ်လီဟာ အခုတော့ အချစ်အတွက်နဲ့ မန်ချက်စတာကနေ ချဲလ်ဆီးဘက် မြားဦးလှည့်လာပါတယ်။ အင်္ဂလန်လက်ရွေးစင် အယ်လီဟာ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာရဲ့သမီးဖြစ်သူ အသက် ၂၀ အရွယ်ရှိ မာရီယာဂွါဒီယိုလာနဲ့ ရင်ချင်းအပ်အနမ်းပေးခဲ့ပြီးနောက် အခုတော့ ရင်ခုန်သံတွေ ပြောင်းသွားပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ အယ်လီဟာ Made In Chelsea ဆိုတဲ့ ရုပ်သံစီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လေး နစ်ကိုးလ်ဘယ်ရီနဲ့ ဒိတ်လုပ်နေပြီး ဘယ်ရီတစ်ယောက် အယ်လီရဲ့ရင်ခွင်ထဲမှာ နှစ်ယောက်သား လက်ချင်းကျစ်ကျစ်ပါအောင် ဆုပ်ရင်း အချစ်တွေမွေးဖွားခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ လန်ဒန်မြို့ရှိ ဇိမ်ခံဟိုတယ်ဖြစ်တဲ့ Chiltern Firehouse ကို မသွားခင် ချဲလ်ဆီးအသင်းဘယ်နောက်ခံလူ ဘင်ချီဝဲလ်၊ နစ်ကိုးလ်ရဲ့မော်ဒယ်သူငယ်ချင်း ဆိုဖီယာခရီတာရိုတို့နဲ့အတူ လန်ဒန်မြို့ မေဖဲယားရှိ Sexy Fish စားသောက်ဆိုင်မှာ အတူတူစားသောက်ခဲ့ကြပါတယ်။ ဒယ်လီဟာ အသက် ၂၄ နှစ်အရွယ်ရှိ ကနေဒါသူလေး နစ်ကိုးလ်ကို ပထမဆုံး ဆိုရှယ်မီဒီယာကနေ ချဉ်းကပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
''နစ်ကိုးလ်က ပထမတော့ အယ်လီရဲ့မက်ဆေ့ချ် ၄စောင်ကို လျစ်လျူရှုခဲ့သေးတယ်။ ဒါပေမဲ့ နောက်တော့ အယ်လီရဲ့ဒိတ်ဖို့ တောင်းဆိုမှုကို လက်ခံလိုက်ပြီး ပျော်သွားပုံရပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ပါပါရာဇီတွေ မိသွားပြီး ဓာတ်ပုံအရိုက်ခံခဲ့ရလို့ နည်းနည်းတော့ ပြန်စဉ်းစားမိသွားတယ်။ နစ်ကိုးလ်က ဘောလုံးသမားတစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့အကြောင်း ပရိသတ်တွေကို မသိစေချင်ဘူး။ သူက ဒီလိုစီးရီးစ်မှာ ပါဝင်သရုပ်ဆောင်ရင်း မော်ဒယ်လောကနေ သရုပ်ဆောင်ဘက်ကို အပြီးကူးပြောင်းချင်နေတာပါ။ ဘောလုံးသမားတစ်ယောက်နဲ့ တွဲတာက အဲဒီရည်မှန်းချက်ကို မတားဆီးနိုင်ဘူးလို့ ထင်နေပါတယ်''လို့ အတွင်းသိတစ်ဦးက ပြောပါတယ်။
သူငယ်ချင်းတွေက ချီဝဲလ်နဲ့ ဆိုဖီယာတို့လည်း ပျော်ရွှင်ခဲ့တယ်လို့ ဆိုပေမယ့် အယ်လီနဲ့ နစ်ကိုးလ်တု့ိလို ဆက်ဆံရေးမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ အယ်လီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ကာလရှည်လက်တွဲလာတဲ့ အတူနေချစ်သူ ရူဘီမေးနဲ့ လမ်းခွဲခဲ့ပြီး အယ်လီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က နစ်ကိုးလ်နဲ့ သူ့ကစားသမားတို့ ဒိတ်လုပ်နေတာမဟုတ်ဘူးလို့ဆိုပေမယ့် လန်ဒန်မှာ အဖွဲ့လိုက် ညစာစားခဲ့တယ်လို့ အတည်ပြုပါတယ်။