The network connection is lost.

Banner Image

မီလန်ဒါဘီမှာ အရေးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ကို သတိပေးလိုက်တဲ့ အေစီမီလန်နည်းပြ ပီအိုလီ

အေစီမီလန်အသင်းနည်းပြ ပီအိုလီက မီလန်ဒါဘီမှာ အရှက်တကွဲအရေးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်အသင်းနဲ့ပွဲမှာ ပြန်လာမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

အေစီမီလန်ဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း အင်တာမီလန်ကို အကြီးမားဆုံး အရေးနိမ့်ခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။ အင်တာမီလန်အတွက် ဂိုးတွေကို မစ်ခီတာရန်း ၊ သူရမ်က ၂ ဂိုး ၊ ကယ်လ်ဟန်နိုဂလူ ၊ ဖရာတီဆီတို့က သွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲအရေးနိမ့်ပြီးနောက် ပီအိုလီက “ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်သွားနေတဲ့အချိန်မှာ ဒီလိုအခိုက်အတန့်တွေအတွင်း ဂိုးတွေပေးခဲ့ရပါတယ်။ ဒုတိယဂိုးက တော်တော်လေးပြင်းထန်ပါတယ်။ ကျွန်တော်တို့ သူတို့တန်ပြန်တိုက်စစ်တွေကို နှောက်ယှက်နိုင်ခဲ့ပေမယ့် သူတို့ သေချာလေးပြင်ဆင်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ထိုက်တန်စွာပြန်လာနိုင်ခဲ့သင့်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာလည်း သာလွန်ခဲ့ပေမယ့် တတိယဂိုးပေးလိုက်ရချိန်မှာ ကျွန်တော်တို့ ပြန်မလာနိုင်တော့ဘူးဆိုတာ သိလိုက်ပါတယ်။ ဒါဘီပွဲမှာ အခုလိုမျိုးအရေးနိမ့်တာက စိတ်ပျက်စရာပါ။ အထူးသဖြင့် အခုလိုမျိုးဂိုးပြတ်အရေးနိမ့်တာကိုပါ။ ဒါပေမယ့် ကျွန်တော်တို့ တတိယဂိုးမပေးရခင်အထိ ပြိုင်ပွဲအတွင်းမှာရှိခဲ့ပါတယ်။ အချိန်တိုင်းမှာ အင်တာက ကျွန်တော်တို့ထက်ပိုဉာဏ်ကောင်းပြီး ထက်မြက်ခဲ့ပါတယ်။ အဲ့တာက ဒီနေ့ အင်တာနဲ့ ကျွန်တော်တို့ကြားမှာ ကွာဟခဲ့တာပါ။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်။
ရာသီအစမှာက အခုလိုမျိုးအပြောင်းအလဲတွေဖြစ်တတ်တာက ထုံးစံပါပဲ။ ကျွန်တော်မိနစ် ၇၀ လောက်အထိ ထိန်းထားနိုင်ခဲ့ပေမယ့် နောက်ဆုံး ၁၅ မိနစ်က အဆင်မပြေခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သာမန်လိုကစားတာကို ရပ်တန့်ခဲ့တာကြောင့်ပါ”လို့ ပီအိုလီက ပြောကြားခဲ့ပါတယ်။

ပီအိုလီက မိမိတို့အသင်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ ပိုကောင်းအောင်လုပ်ဆောင်သွားမယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

“အခုချိန်က ချန်ပီယံလိဂ်အတွက် ပြင်ဆင်ဖို့ အရေးကြီးတာပါ။ ကျွန်တော့်အသင်းက ရင့်ကျက်ပြီးသားပါ။ အင်တာနဲ့ပွဲမှာ ဘာတွေမှားနေလဲဆိုတာကို ပြန်သုံးသပ်ပြီး အင်္ဂါနေ့မှာ ပိုကောင်းအောင်လုပ်ဆောင်သွားမှာပါ။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ရလဒ်ကောင်းပြန်ယူနိုင်အောင် လုပ်ဆောင်ရမှာပါ။ အခုမှရာသီအစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ သေချာလေးပြင်ဆင်ဖို့ လိုအပ်သလို ဒါမှလည်း ဒီလိုမျိုးပွဲတွေမှာ တိုးတက်လာမှာပါ”လို့ ပီအိုလီက ပြောကြားခဲ့ပါတယ်။