The network connection is lost.

Banner Image

စတမ်းဖို့ဒ်ဘရစ်ချ်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ဝင်ရောက်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၂-၀ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)

ပရီးမီးယားလိဂ်အင်အားကြီးကလပ်အသင်းနှစ်ခုရဲ့လန်ဒန်မြေထိပ်တိုက်တွေ့ဆုံမှုက အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အလှည့်အပြောင်းတွေကို ဒုတိယပိုင်းပွဲချိန်တွေမှာ စတင်မြင်တွေ့ခဲ့ရပြီး ပွဲချိန်မိနစ် ၅၀ မှာ မော်ဂန်ရော်ဂျာစ်က အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဖိုဖာနာအပေါ် ကစားပုံကြမ်းတမ်းတဲ့ လီဆန်ဒရိုမာတီနက်ဇ် နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရသလို ပင်နယ်တီပါ ပေးလိုက်ရပြီး ပယ်လ်မာရဲ့ပင်နယ်တီကန်ချက်နဲ့အတူ ချဲလ်ဆီးတို့ ဒုတိယမြောက်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက အမှတ်ပေးဇယား TOP 4 စာရင်းဆီ ဝင်ရောက်လာသလို တဖက်မှာလည်း မိုက်ကယ်ကာရစ်ရဲ့အသင်းက တန်းဆင်းဇုန်နဲ့တစ်မှတ်အကွာမှာပဲ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။