The network connection is lost.

Banner Image

မန်စီးတီး ရင်ဆိုင်နေရတဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ အံ့အားသင့်ခြင်း အလျဉ်းမရှိတဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်း

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ဖူးသူ လိဒ်ယူနိုက်တက်နည်းပြဟောင်းဂျက်ဆီမတ်ရှ်က မန်စီးတီးရဲ့မသမာမှုတွေအကြောင်း လူတိုင်းသိထားပြီးသားပါလို့ ပြောဆိုလာပါတယ်။

လက်ရှိကနေဒါလက်ရွေးစင်အသင်းနည်းပြက မန်စီးတီးရဲ့အရှုပ်တော်ပုံနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်သွားခဲ့ပါတယ်။

ဂျက်ဆီမတ်ရှ်က "မန်စီးတီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ တန်းဆင်းသွားသင့်တယ်လို့ ထင်ပါတယ်။ ဒါနဲ့စကားမစပ်.... ဒီကိစ္စတွေကို လူတိုင်း သိပြီးသားပါ။ လူတိုင်း သိပါတယ်" လို့ ပြောပါတယ်။

ဂျက်ဆီမတ်ရှ်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ လိဒ်ကို ၂၅ ပွဲ အထိ ကိုင်တွယ်ခဲ့ပြီး ရှစ်ပွဲ အနိုင်ရရှိခဲ့ပါတယ်။ ဒီကာလအတွင်း သူက ပက်ဂွါဒီယိုလာရဲ့အသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးသလို အမှတ်ပေးဇယားအဆင့်-၁၇ နေရာအထိ လိဒ်အသင်း ရောက်ရှိသွားချိန် ဂျက်ဆီမတ်ရှ်လည်း ရာထူးနေရာကို စွန့်လွှတ်လိုက်ရပါတယ်။

ဂျက်ဆီမတ်ရှ်ကတော့ ၂၀၂၂ ခုနှစ်၊ နွေရာသီကာလမှာ လိဒ်နဲ့ မန်စီးတီးတို့သာ အမြတ်ငွေ ရှာဖွေနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအနောက်ယော့ခ်ရှိုင်းယားအခြေစိုက်ကလပ်အသင်းက ဘောလုံးရာသီသစ်မစတင်ခင် ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရာဖင်ဟာနဲ့ ကယ်လ်ဗင်ဖီးလစ်တို့ကို ရောင်းထုတ်ခဲ့ပြီး ကယ်လ်ဗင်ဖီးလစ်ကတော့ မန်စီးတီးဆီ ပြောင်းရွှေ့သွားခဲ့ပပါတယ်။

အဲ့ဒီဘောလုံးရာသီမှာတော့ လိဒ်က တန်းဆင်းရတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ်နည်းပြက ဒီအခြေအနေနဲ့ပတ်သက်လို့ သူ့ရဲ့ စိတ်ပျက်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

"ဟာလန်းကို ပေါင် ၅၂ သန်းတည်းနဲ့ရခဲ့တယ်လို့ သူတို့ပြောလာချိန် 'ဪ၊ အေး.... ကောင်းတာပေါ့'ဆိုပြီး ရယ်စရာလို သဘောထားရမလို ဖြစ်နေခဲ့တာပါ" လို့ မတ်ရှ်က ဆိုပါတယ်။