The network connection is lost.

Banner Image

အင်္ဂလန်မှာ သူ့အတွက် အသိအမှတ်ပြုမှု အပြည့်အ၀မရရှိခဲ့ဖူးဘူးလို့ ယုံကြည်နေတဲ့ ဂေါ်ဒွန်

နယူးကာဆယ်မှထွက်ခွာကာ ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့တဲ့ ကိစ္စနဲ့ အင်္ဂလန်မှာရှိနေချိန်အတွင်း လုံလောက်တဲ့ အသိအမှတ်ပြုလေးစားမှုမျိုး မရရှိခဲ့ဘူးဆိုတဲ့ ခံစားချက်အကြောင်းကို အန်သိုနီဂေါ်ဒွန်က ဖွင့်ဟပြောကြားလာပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလအတွင်း လာလီဂါချန်ပီယံဘာစီလိုနာဆီ မပြောင်းရွှေ့မီ ဂေါ်ဒွန်က နယူးကာဆယ်အတွက် ၁၅၂ ပွဲကစား၊ ၃၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ဝေးရာဆီ ရောက်ရှိလာချိန်မှာလည်း ဂေါ်ဒွန်က ချန်ပီယံဆုကိုပစ်မှတ်ထားနေတဲ့ ဘာစီလိုနာအတွက် လာလီဂါအဖွင့်ပွဲစဉ်ခြောက်ခုမှာတင် ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသထားပါတယ်။

အခုလို ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခု ပြုလုပ်ပြီးနောက် အသက် ၂၅ နှစ်အရွယ် ကစားသမားက နယူးကာဆယ်မှာ သူ့အပေါ် လေးစားတန်ဖိုးထားမှု နည်းပါးခဲ့ပုံနဲ့ လူတော်တော်များများ သူ့ရဲ့တန်ဖိုးကို လျှော့တွက်ခဲ့ကြပုံအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂေါ်ဒွန်က " ကျွန်တော့်အထင် လူတော်တော်များများရဲ့အမြင်မှာ ကျွန်တော်က မတူကွဲပြားတဲ့ ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီလို့ မြင်နေကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်မှာရှိနေချိန်တုန်းက အမြန်နှုန်းနဲ့ ဖိအားပေးကစားနိုင်တာကိုပဲ အသိအမှတ်ပြုခံရမယ်လို့ အမြဲတွေးမိခဲ့ပြီး ကျွန်တော့်ရဲ့ကစားပုံအရည်အသွေးနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေကိုတော့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ကြပါဘူး။ ကျွန်တော်နဲ့အတူတွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေလောက်သာ အဲဒီအချက်ကို သဘောပေါက် နားလည်ခဲ့ကြပုံ ရပါတယ်"

"အင်္ဂလန်မှာ ကျွန်တော့်ကို အပြည့်အဝလေးစားအသိအမှတ်ပြုခဲ့ဖူးတယ်လို့ မထင်ပါဘူး။ လူတွေက ကျွန်တော့်ကို အလွန်မြန်ဆန်ပြီး အလွန်ပြင်းထန်တဲ့ ကစားသမားတစ်ဦးလို့ပဲ မြင်ကြပေမဲ့ စပိန်မှာတော့ ကျွန်တော့်ရဲ့ဉာဏ်ရည်နဲ့ ကစားပုံအရည်အသွေးတွေကို တကယ်ပဲ လေးစားတန်ဖိုးထားကြပါတယ်"

"ဘာစီလိုနာမှာ ကျွမ်းကျင်မှု ဒါမှမဟုတ် ဉာဏ်ရည်ဉာဏ်သွေး မရှိဘူးဆိုတာနဲ့ ချက်ချင်း သိသာပေါ်လွင်သွားပါလိမ့်မယ်။ ကျွန်တော်ကစားခဲ့ဖူးတဲ့ နယူးကာဆယ်က မြန်နှုန်းအလွန်မြင့်မားတဲ့အသင်းဖြစ်လို့ ပြေးလွှားမှုနဲ့ အင်တိုက်အားတိုက်ကစားမှုကိုပဲ အမြဲတွေ့မြင်ခဲ့ရပါတယ်။ အခုတော့ ကျွန်တော်ရဲ့အခြားအရည်အသွေးတွေကို ဖော်ပြခွင့်ရစေမယ့် လုံး၀ခြားနားတဲ့ကစားဟန်တစ်ခုနဲ့ ကစားနေရပါပြီ"

"လူတွေ ထင်ထားတာထက် ပိုကောင်းတဲ့ အရာတွေကို ကျွန်တော် ပေးစွမ်းနိုင်တယ်လို့ ခံစားခဲ့ရပြီး ဒါကို ကမ္ဘာ့အကြီးကျယ်ဆုံးစင်မြင့်ထက်မှာ သက်သေပြချင်ခဲ့ပါတယ်။ ပြည်ပထွက်ကစားတယ်ဆိုတာ ကျွန်တော့်အတွက် အလွန်အရေးပါခဲ့ပါတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ စပိန်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူခဲ့တဲ့ ဂေါ်ဒွန်က စက်တင်ဘာ ၂၉ ရက်၊ ချက်နဲ့ပွဲစဉ်၊ အောက်တိုဘာ ၃ ရက်၊ ခရိုအေးရှားနဲ့ပွဲစဉ်တွေမှာလည်း ပွဲကစားချိန် ရရှိလာနိုင်ပါတယ်။