The network connection is lost.

Banner Image

လီဗာပူးမှာ အကောင်းဆုံးစတင်ထားပေမဲ့ ဂျာကွက်အတွက် သင်ယူစရာတွေ အများကြီးရှိနေသေးတယ်လို့ ဗန်ဒိုက်ပြောဆို

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က ဂျာကွက်နဲ့အတူ တိုးတက်လာနေတဲ့ ခံစစ်ပိုင်းအတွဲအဖက်ကို ယုံကြည်မှုရှိပေမဲ့ လုပ်စရာတွေ အများကြီးရှိနေသေးတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
 
ဒီအတွဲက နည်းပြအီရာအိုလာရဲ့ဗဟိုခံစစ်မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ငါးခုလုံး ပွဲထွက်လာခဲ့ပြီး ဘုန်းမောက်ကိုအနို်ငရရှိခဲ့တဲ့ပွဲစဉ်မှာ သူတို့အတွက် သုံးပွဲဆက်ပေးဂိုးမရှိ (Clean Sheet) မှတ်တမ်းကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
 
ဗန်ဒိုက်ရဲ့အတွေ့အကြုံကြွယ်၀မှုနဲ့အတူ ဂျာကွက်ရဲ့အမြန်နှုန်းနဲ့ ခံစစ်ပိုင်းကြံ့ခိုင်မှုတို့ ပေါင်းစပ်ထားခြင်းကြောင့် လီဗာပူးပရိသတ်တွေအတွက် ရေရှည်လက်တွဲသွားနိုင်မယ့် အတွဲအဖက်အဖြစ် ယုံကြည်မှု ရှိလာစေပါတယ်။ ဒါ့အပြင် လီဗာပူးကပ္ပတိန်က လာမယ့် ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းတိုးမြှင့်သွားနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။
 
ဒါပေမဲ့ ဒတ်ချ်ခံစစ်မှူးကတော့ အနာဂတ်ဆီ အဝေးကြီးအထိ ကြိုတင်မတွေးထားဘဲ နည်းပြဇာဗီရဲ့ နယ်သာလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့သာ ပြင်ဆင်နေပါတယ်။
 
"ဒီရာသီမှာ ဂျက်ကွက်ကိုယ်တိုင် ကောင်းမွန်တဲ့အရာတွေ အများကြီးပြသထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ငယ်ရွယ်နေသေးပြီး သင်ယူစရာတွေ အများကြီးရှိသလို အသင်းကို ပေးဆပ်ဖို့လည်း အများကြီးရှိနေပါသေးတယ်။ ဆက်ကြိုးစားသွားကြတာပေါ့" လို့ ဗန်ဒိုက်က ပြောပါတယ်။
 
"အီဆက်အပါအဝင် ကျွန်တော်တို့အသင်းအတွက် သွင်းဂိုးတွေရရှိဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒီကွင်းမှာ အနိုင်ရခဲ့တာ၊ ပေးဂိုးမရှိမှတ်တမ်းကို ထိန်းသိမ်းနိုင်ခဲ့တ‌ြ ကောင်းမွန်ပါတယ်။ အရမ်းပြင်းထန်မယ့်ပွဲစဉ်ကာလအတွက် ကြိုတင်ပြင်ဆင်မှုမလုပ်ခင် နိုင်ငံတကာသီတင်းပတ်ဆီ ဦးတည်သွားရပါလိမ့်မယ်"
 
"ကျွန်တော်တို့ အကောင်းဆုံးဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ကြိုးစားအားထုတ်သွားကြဖို့ လိုအပ်သလို စိတ်ဆန္ဒမစောနေကြဖို့လည်း လိုအပ်ပါတယ်"
 
"ဒါက ခက်ခဲတဲ့ကွင်းတစ်ခုမှာ ရရှိခဲ့တဲ့ အရေးကြီးနိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီထက်အများကြီးပိုကောင်းအောင် လုပ်နိုင်ခဲ့ပေမဲ့ သုံးမှတ်နဲ့ ပေးဂိုးမရှိဆိုတဲ့ရလဒ်ကို ယူဆောင်နိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။