The network connection is lost.

Banner Image

အင်တာမီလန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်အဖွင့်ခရီးစဉ် လှပသွားတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ၂-၁ အင်တာမီလန် (ပွဲပြီးရလဒ်)

အခုဘာနေဗျူးကွင်းပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ရလဒ် ဖြစ်ပေါ်လာပေမဲ့ အင်တာမီလန်ကလည်း အနိမ့်ဆုံးသရေတစ်မှတ်နဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသသွားခဲ့ပါတယ်။ အင်တာမီလန်အတွက် တစ်ဦးချင်းအမှားတွေက ပေးဆပ်မှု ကြီးမားစေခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်းမှာတင် အမ်ဘာပေ၊ ဗယ်လ်ဗာဒီတို့ရဲ့ဦးဆောင်ဂိုးတွေကို ခွင့်ပြုပေးလိုက်ရပါတယ်။ နှစ်ဖက်အသင်းကစာသမားတွေရဲ့ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို ပွဲချိန်တလျှောက် မြင်တွေ့ခဲ့ရပြီး အင်တာမီလန်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်မှာ ကားလို့စ်သြဂတ်စတိုက သွင်းယူခဲ့ပါတယ်။