စီးရီးအေပွဲစဉ်သုံးခုသာ ကိုင်တွယ်ရသေးတဲ့ ဖေဘီယိုဂရော့ဆိုကို ရာထူးမှထုတ်ပယ်လိုက်တဲ့ ဖီအိုရင်တီးနား
ရိုးမား၊ ဖရိုစီနိုနီနဲ့ တိုရီနိုတို့ကို ဆက်တိုက်ရှုံးနိမ့်ကာ စီးရီးအေရာသီအစခရီးလမ်း ကြမ်းတမ်းနေခဲ့တဲ့ ဖီအိုရင်တီးနားနည်းပြဖေဘီယိုဂရော့ဆိုကတော့ ဒီပွဲစဉ်သုံးခုအပြီးမှာတင် သူ့ရဲ့ရာထူးတာဝန်ကို စွန့်လွှတ်လိုက်ရပါတယ်။
တူစကန်ဒေသအခြေစိုက်ကလပ်အသင်းရဲ့ တိုတောင်းလှတဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖီအိုရင်တီးနားနဲ့အတူ သုံးပွဲကစား၊ သုံးပွဲ ရှုံးနိမ့်ထားတဲ့ အံ့အားသင့်စရာစတင်မှုတစ်ခုနဲ့အတူ အက်ဘရူဇိုမှ ရောက်ရှိလာတဲ့နည်းပြရဲ့ရာထူးတာဝန်ကို ရုပ်သိမ်းလိုက်ပြီလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်း၊ အိမ်ကွင်းမှာ ဖီအိုရင်တီးနားက တိုရီနိုကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ အရေးနိမ့်ခဲ့ပါတယ်။
လာမယ့်သီတင်းပတ်မှာတော့ တူစကန်ဒေသအခြေစိုက်ကလပ်အသင်းက ပန်ဇိုကွင်းမှာ ဗင်နီစီယာနဲ့ ရင်ဆိုင်သွားရပါမယ်။