The network connection is lost.

Banner Image

မန်စီးတီးဆီ ပူးပေါင်းဖို့ ဆုံးဖြတ်ရတယ်ဆိုတာ လွယ်ကူလွန်းခဲ့ပါတယ်လို့ အန်ဒီယာရီ ဖွင့်ဟ

အန်ဒီယာရီက အဲဗာတန်မှထွက်ခွာကာ မန်စီးတီးနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့မှုကို ဘယ်လောက်အထိလွယ်ကူခဲ့သလဲဆိုတာ ပြောပြခဲ့ပါတယ်။

အန်ဒီယာရီက လွန်ခဲ့တဲ့ ၁၂ လတာကာလအတွင်း အဲဗာတန်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး တော့တင်ဟမ်ရဲ့စိတ်ဝင်စားမှုရရှိထားချိန်မှာပဲ အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးအချိန်မှာ မန်စီးတီးဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီတောင်ပံကစားသမားက အဲဗာတန်အတွက် ၇၄ ပွဲပါဝင်ကစားပေးရာမှာ ၁၇ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ခဲ့ပါတယ်။

အန်ဒီယာရီက အခုနွေရာသီအစောပိုင်းမှာလည်း ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မန်စီးတီးရဲ့ချဉ်းကပ်မှုရရှိချိန် အခြားဘာကိုမှ အလိုမရှိတော့ဘူးလို့ ဖွင့်ဟလာပါတယ်။

"မန်စီးတီးမှာ ရှိနေချင်သလား၊ မရှိနေချင်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်က ချမှတ်ရတာ လွယ်ကူပါတယ်" လို့ အန်ဒီယာရီက ဆိုပါတယ်။ "မကြာသေးမီက သမိုင်းကြောင်းကို ကြည့်လိုက်ရင် ခင်ဗျားကိုယ်တိုင်လည်း ဒီစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ချင်လာပါလိမ့်မယ်။

ကျွန်တော်တို့ ဘယ်နေရာကို ဦးတည်သွားမလဲ၊ အသင်းမှာ ကျွန်တော်ပါဝင်လာတဲ့အခါ ဘာတွေအောင်မြင်နိုင်မလဲဆိုတာကို သူတို့က ကျွန်တော့်ဆီ ရှင်းပြခဲ့ကြပြီး ကျွန်တော်ကိုယ်တိုင်လည်း အစပိုင်းမှာတင် စိတ်ဝင်စားခဲ့ပါတယ်" လို့ သူက ရှင်းပြပါတယ်။ "မန်စီးတီးဆီ ပူးပေါင်းဖို့မှလွဲလို့ ကျွန်တော် တခြားဘာကိုမှ မလိုချင်ခဲ့ပါဘူး။

ထင်ရှားတာကတော့ ခင်ဗျားကိုယ်တိုင်လည်း ဒီစီမံကိန်းသစ်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ပါလိမ့်မယ်။ မကြာသေးမီက သူတို့ လုပ်ဆောင်နေတာတွေကို ကျွန်တော် မြင်တွေ့ခဲ့ရပြီး ကျွန်တော်နဲ့ ကိုက်ညီလိမ့်မယ်လို့ ခံစားရပါတယ်" လို့ အန်ဒီယာရီက ဆိုပါတယ်။ "ပွဲထွက်ခွင့်ရဖို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။ ဒါက မယုံနိုင်စရာ အခိုက်အတန့်ပါပဲ။ ဒီအဆင့်အထိ ရောက်ဖို့ ကျွန်တော် တကယ်ကြိုးစားခဲ့ရလို့ အခုလိုအခွင့်အရေးရရှိမှုအပေါ် အရမ်းစိတ်လှုပ်ရှားမိသလို တကယ်လည်း ကျေးဇူးတင်မိပါတယ်" လို့ ဆိုပါတယ်။

သူ့ရဲ့အပြောင်းအရွှေ့က ချဲလ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်အတွက် မန်စီးတီးရဲ့ ဗြိတိန်ပူးတွဲစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းပေးချေမှု ထွက်ပေါ်လာတဲ့ တစ်နေ့တည်းမှာပဲ ပေါ်ပေါက်ခဲ့ပါတယ်။

အန်ဒီယာရီနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့က လာမယ့်စနေနေ့၊ ကိုဗင်ထရီနဲ့ပွဲစဉ်မှာ မန်စီးတီးအတွက် ပွဲဦးထွက်ပါဝင်ကစားနိုင်ပါတယ်။