The network connection is lost.

Banner Image

လီဗာပူးရဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်အပြီး အားကိုးရတဲ့ ကိုဒီဂတ်ပိုကို ဗန်ဒိုက် ချီးကျူး

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က အခုရာသီ၊ အသင်းအတွက် အဓိကအခန်းကဏ္ဍမှတဆင့် ဂတ်ပို ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

အခုနွေရာသီမှာ ဗစ်တာမူနော့ဇ်နဲ့ ဘာကိုလာတို့ ရောက်ရှိလာပြီးနောက် ဂတ်ပိုရဲ့ အန်ဖီးလ်ကစားသမားဘ၀အနာဂတ်အပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာသလို အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးအချိန်မတိုင်ခင် နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးအတွက် မန်စီးတီးရဲ့ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဂတ်ပိုအတွက် ပေါင် ၈၅ သန်းဝန်းကျင်အထိ ပေးချေဖို့ မန်စီးတီး အသင့်ရှိနေခဲ့တယ်လို့ သိရပေမဲ့ လီဗာပူးဘက်မှာလည်း အစားထိုးကစားသမားတစ်ဦး ခေါ်ယူနိုင်မှသာ အပြောင်းအရွှေ့ဖြစ်မြောက်လာမယ်အခြေအနေ ရှိခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဂက်ပိုက လီဗာပူးကစားသမားအဖြစ် ဆက်ရှိနေခဲ့ပြီး အစ်ဆွစ်တောင်းကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အီဆက်အတွက် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့အဖွင့်ပွဲစဉ်သုံးခုမှာတင် တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားတဲ့ ဂတ်ပိုကို ဗန်ဒိုက်ကလည်း မာဆေးဆိုဒ်ဒေသမှာသာ ဆက်လက်ရှိနေစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဂတ်ပိုက အားကိုးရပါတယ်။ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင်ကတည်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်" လို့ ဗန်ဒိုက်က Sky Sports ဆီ ပြောပါတယ်။

အခုလိုမှတ်ချက်တွေကို လီဗာပူးနည်းပြအီရာအိုလာကလည်း ထပ်လောင်းပြောဆိုခဲ့ပြီး ပီအက်စ်ဗွီတိုက်စစ်မှူးဟောင်းကို အသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ အမြဲစီမံထားခဲ့တယ်လို့ အတည်ပြုပါတယ်။

အီရာအိုလာက "ကျွန်တော့်မှာ ဂတ်ပိုနဲ့ပတ်သက်လို့ သံသယ လုံး၀မရှိပါဘူး။ သူက ရာသီကြိုကာလတစ်ခုလုံးမှာလည်း ကောင်းမွန်ခဲ့ပါတယ်"

"သူက အခုဘောလုံးရာသီကို အကောင်းမွန်ဆုံး စတင်နိုင်ခဲ့ပါတယ်။ သူက ပွဲပြီးခါနီးမှာ ကျွန်တော်တို့ကို ကူညီပေးဖို့အတွက် ကျောနံပါတ် ၉ တိုက်စစ်မှူးအဖြစ် ပွဲပြီးဆုံးချိန်အထိ ပါဝင်ကစားခဲ့ပါတယ်။ သူ့ကို ပိုင်ဆိုင်ထားရတာ ကောင်းမွန်တဲ့ အချက်ပါပဲ" လို့ ဆိုပါတယ်။