The network connection is lost.

Banner Image

လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့အသင်း ပိုမိုကောင်းမွန်ခဲ့တယ်လို့ အစ်ဆွစ်နည်းပြဂယ်ရီအိုနေးလ် အခိုင်အမာပြောကြား

ဂယ်ရီအိုနေးလ်က လီဗာပူးကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ သောကြာနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစ်ဆွစ်သာ ပိုမိုကောင်းမွန်ခဲ့တဲ့အသင်း ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာတဲ့ ဒီအသင်းက ရာသီအဖွင့်သုံးပွဲကစားပြီးချိန် တစ်ပွဲအနိုင်ရရှိပြီး အမှတ်ပေးဇယားအဆင့်-၁၃ နေရာမှာ ရှိနေပါတယ်။

အခုပွဲစဉ်ရဲ့ပွဲအစကိုးမိနစ်အတွင်း အီဆက်သွင်းယူခဲ့တဲ့ ဂိုးတွေက အီရာအိုလာနဲ့ လီဗာပူးအသင်းအတွက် ပထမဆုံးနိုင်ပွဲရရှိဖို့ လုံလောက်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန်မှာတော့ အစ်ဆွစ်နည်းပြက ကြီးမားတဲ့အမှားအယွင်းတွေသာ မရှိခဲ့ရင် အခြေအနေတွေ အများကြီးကွဲပြားခြားနားသွားနိုင်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဂယ်ရီအိုနေးလ်က "အသင်းကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ပထမဆုံး ၁၀ မိနစ်အတွင်း ပြုလုပ်မိခဲ့တဲ့ အမှားနှစ်ခုကြောင့် အခြေအနေတွေ ပိုမိုခက်ခဲခဲ့ပေမဲ့ အဲ့ဒီနောက်ပိုင်း အချိန်အများစုမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဂိုးပေါက်ကန်သွင်းခွင့် ပိုများခဲ့သလို တကယ်ကိုကောင်းမွန်တဲ့ အခွင့်အရေးအချို့လည်း ရရှိခဲ့ပါတယ်" လို့ ပြောပါတယ်။

"ကြီးမားတဲ့ အမှားတွေဆိုတာ သိသာထင်ရှားပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ ပြင်းပြင်းထန်ထန်အပြစ်ပေးမှုကို ခံစားခဲ့ရပေမဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ ပြသနိုင်ခဲ့သလို အကောင်းဆုံးလည်း ကြိုးစားခဲ့ကြပါတယ်။ ဒါကို ပွဲပြီးချိန်မှာ ပရိသတ်တွေရဲ့တုံ့ပြန်ပုံအရ မြင်တွေ့နိုင်သလို ပရိသတ်တွေကိုယ်တိုင်လည်း လေးစားတန်ဖိုးထားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရမှတ်တွေစုဆောင်းနိုင်ဖို့ ရည်ရွယ်ထားလို့ လာမယ့်သီတင်းပတ်မှာတော့ ရမှတ်အချို့ သေချာပေါက်ရရှိအောင် လုပ်ဆောင်ရပါလိမ့်မယ်။

ကျွန်တော်တို့အတွက် နည်းဗျူဟာပိုင်းမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်နဲ့ယှဉ်ပြိုင်ချိန်လိုဖြစ်ပေမဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ကျွန်တော်တို့ လမ်းပျောက်ပြီး နည်းဗျူဟာပိုင်းမှ လွတ်ထွက်သွားခဲ့ပါတယ်။ ဒီနေ့တော့ ကောင်လေးတွေက သူတို့ရဲ့အလုပ်ကို ချက်ချင်းအာရုံစိုက်နိုင်ခဲ့ကြပါတယ်။

အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်ထားပြီး သူတို့ကို အကြိမ်ကြိမ်ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပွဲဆီပြန်ဝင်နိုင်မယ့် အရည်အသွေးမြင့်မားတဲ့ အခိုက်အတန့်မျိုးကိုတော့ မရရှိခဲ့ပေမဲ့ သေချာပေါက် ဒါက အခက်ခဲဆုံး စမ်းသပ်မှုတွေအနက် တစ်ခုဖြစ်ပြီး အမှတ်ရရှိရေးအပိုင်းမှာတော့ အနည်းငယ်လိုအပ်ချက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကစားသမားတွေဆီ တောင်းဆိုခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူတို့က တကယ့်ကိုကောင်းမွန်ခဲ့ကြတယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။