ချဲလ်ဆီးမှထွက်ခွာကာ တော့တင်ဟမ်ဆီ အပြီးသတ်ပြောင်းရွှေ့ရောက်ရှိသွားတဲ့ တိုဆင်အဒါရာဘီယိုအို
တိုစင်အဒါရာဘီယိုအိုက ချဲလ်ဆီးမှ ထွက်ခွာကာ လန်ဒန်မြို့ခံပြိုင်ဘက်တော့တင်ဟမ်ဆီ အပြီးသတ်ပြောင်းရွှေ့ရောက်ရှိသွားပါတယ်။
တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့အကြား သဘောတူညီမှုရရှိဖို့ဆိုတာ လန်ဒန်ဘတ်စ်ကားလိုင်းတွေလိုပါပဲ၊ ဘတ်စ်ကားတစ်စီးရောက်လာဖို့ အချိန်အကြာကြီးစောင့်ရပေမဲ့ တကယ်တမ်းရောက်လာရင် နှစ်စီးပြိုင်တူရောက်ရှိလာလေ့ ရှိပါတယ်။
ဒီကလပ်အသင်းနှစ်ခုအကြား အပြောင်းအရွှေ့ကိစ္စတွေ သိပ်မပြုလုပ်ဘူးဆိုတာ လူသိများပါတယ်။ ၂၀၁၁ ခုနှစ်၊ တော့တင်ဟမ်ရဲ့လူကာမိုဒရစ်ကို ချဲလ်ဆီးတို့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမဲ့ လီဗိုင်းက ဒီအပြောင်းအရွှေ့ကို ဗီတိုအာဏာအသုံးပြုကာ ပယ်ချခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ ယူကရိန်းတောင်ပံကစားသမားမူဒရစ်ခ်ကို ပေါင် ၇၅ သန်းတန် အပြီးသတ်ဝယ်ယူခွင့်သတ်မှတ်ချက်ပါဝင်တဲ့ အငှားစာချုပ်ဖြင့် တော့တင်ဟမ်တို့ ခေါ်ယူပြီးနောက် မကြာခင်မှာပဲ အသက် ၂၈ နှစ်အရွယ် အာဒါရာဘီအိုယိုလည်း ဒီလမ်းစဉ်အတိုင်း လိုက်ပါလာခဲ့ပါတယ်။
အဒါရာဘီအိုယိုရဲ့အပြောင်းအရွှေ့တန်ကြေးက ပေါင် ၇ သန်း တန်ဖိုးရှိတယ်လို့ သိရပြီး ဗဟိုနောက်ခံလူရဲ့စာချုပ်သက်တမ်းကာလအပိုင်းအခြားကိုတော့ တရားဝင်မထုတ်ပြန်ထားပါဘူး။
တော့တင်ဟမ်က ဆန်းဒါးလန်းဆီ ဒန်ဆိုကို လက်လွှတ်လိုက်ရပြီးနောက် အဒါရာဘီအိုယိုကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။