The network connection is lost.

Banner Image

ဂတ်ပိုကို လီဗာပူးမှာပဲ ဆက်ရှိစေချင်တယ်လို့ ဆိုလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်က မန်စီးတီးဆီပြောင်းရွှေ့ဖို့ ထွက်ခွာသွားတော့မယ့် ဂတ်ပိုနဲ့ပတ်သက်လို့ သူ့ရဲ့ထင်မြင်ချက်ကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

အခုနွေရာသီကာလအတွင်း ပေါင် ၈၅ သန်းအထိ အကျိုးအမြတ်ရရှိစေမယ့် အပြောင်းအရွှေ့တစ်ခုကို လီဗာပူးအသင်း ခွင့်ပြုပေးလိုက်ပြီးနောက် ဂတ်ပိုက မန်စီးတီးနဲ့ စာချုပ်ချုပ်ဆိုသွားဖို့ အသင့်ရှိနေပါတယ်။

သူ့ရဲ့ထွက်ခွာမှုကြောင့် လီဗာပူးနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဘာကိုလာတို့အကြား အပြောင်းအရွှေ့သဘောတူညီမှုကို တရားဝင်ထွက်ပေါ်လာစေဖို့ နီးစပ်လာပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဗန်ဒိုက်က ကလပ်အသင်းအတွက် အရည်အသွေးပိုမိုကောင်းမွန်တဲ့ ကစားသမားတွေကို လိုလားနေပေမဲ့ ဂတ်ပိုကိုလည်း အသင်းမှာပဲ ဆက်ရှိနေစေချင်တယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

"ခင်ဗျားတို့ ဘယ်လိုထင်မြင်ကြပါသလဲ။ ဂတ်ပိုက အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့က အရည်အသွေးရှိတဲ့ကစားသမားတွေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ထင်ပါတယ်" လို့ ဗန်ဒိုက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"လာမယ့် ရက်အနည်းငယ်အတွင်း ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရအောင်။ သူက အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ရုံတင်မကဘဲ ကျွန်တော့်ရဲ့သူငယ်ချင်းလည်းဖြစ်လို့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ လူစာရင်းထဲမှာ အရည်အသွေးမြင့်ကစားသမားတွေ ဖြည့်တင်းတယ်ဆိုတာ ခြားနားမှုတွေ အမြဲရှိစေပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်။ အင်္ဂါနေ့နောက်ပိုင်းမှာတော့ ကျွန်တော်တို့အတွက် နောင်တရစရာမရှိတော့ဘဲ အရာရာတိုင်းအတွက် ယှဉ်ပြိုင်သွားရပါမယ်"လို့ ဒတ်ချ်ခံစစ်မှူးက ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း လီဗာပူးပရိသတ်တွေရဲ့စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂတ်ပိုက နယူးကာဆယ်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ရင်ဆိုင်ရတဲ့ အခုဘောလုံးရာသီအဖွင့်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြသပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ငယ်ဘ၀ကလပ်အသင်း ပီအက်စ်ဗွီမှ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၉၁ ပွဲကစား၊ ၃၃ ဂိုးအထိ သွင်းယူခဲ့ပါတယ်။