The network connection is lost.

Banner Image

ချဲလ်ဆီးဂိုးသမားရောဘတ်ဆန်းချက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် စိုးရိမ်ပူပန်လာတဲ့ အလန်စမစ်

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို ၂-၃ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် ပုံမှန်လက်စွမ်းမျိုး မပြသနိုင်ခဲ့တဲ့ ဂိုးသမားရောဘတ်ဆန်းချက်ဇ်ရဲ့စွမ်းဆောင်ရည်အပေါ် အလန်စမစ်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်အသင်းက ပွဲချိန် ၃၁ စက္ကန့်မှာတင် ဂျော်အိုပက်ဒရိုရဲ့သွင်းဂိုးနဲ့အတူ အကောင်းဆုံးစတင်နိုင်ခဲ့ပေမဲ့ အိမ်ရှင်အသင်းအတွက် ဂျိုရှုအာကင်းရဲ့ချေပဂိုးသွင်းယူမှုကို ရောဘတ်ဆန်းချက်ဇ် မကာကွယ်နိုင်ခဲ့ပါဘူး။

ဒီလိုအမှားမျိုးကြောင့် စပိန်လူမျိုးဂိုးသမားရဲ့ယုံကြည်စိတ်ချရမှုနဲ့ ဇာဘီအလွန်ဆိုရဲ့ အစီအစဉ်မှာ နေရာရရှိနိုင်မှုအပေါ် မေးခွန်းထုတ်စရာတွေ ထပ်မံဖြစ်ပေါ်စေခဲ့ပါတယ်။

"ဆန်းချက်ဇ်ကိုယ်တိုင် ဒီလိုအမှားမျိုးကို ရပ်တန့်ရပါလိမ့်မယ်။ အဲဒီနေရာလောက်မှ ကန်သွင်းတာကို ဂိုးမပေးလိုက်သင့်ပါဘူး။ သူကိုယ်တိုင်လည်း ဂိုးဝင်သွားလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ပါဘူး" လို့ စမစ်က Sky Sports ဆီ ပြောကြားခဲ့ပါတယ်။

"ပွဲစကတည်းက သူ့ရဲ့စိတ် လှုပ်ရှားနေပုံရပါတယ်။ ကံဆိုးမိုးမှောင်ကျတာပါပဲ။ ချဲလ်ဆီးအသင်းက ဂိုးသမားအသစ်တစ်ဦးခေါ်ယူဖို့ ကြိုးပမ်းမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။ စိတ်ဝင်စားစရာပါပဲ။ ဒါက စပိန်ဂိုးသမားရဲ့ဆိုးရွားလှတဲ့ အမှားဖြစ်လို့ ဂိုးသမားသစ်ရှာဖွေမယ့် လမ်းကြောင်းဆီ သူတို့ကို တွန်းပို့ပေးသွားပါလိမ့်မယ်" လို့ ဆိုပါတယ်။