The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်အသင်း တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်ခဲ့ဘူးလို့ ဒီဇာဘီဝန်ခံ

သြဂုတ် ၂၂ ရက်(စနေနေ့)၊ ဘရန့်ဖို့ဒ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အပြီး တော့တင်ဟမ်နည်းပြရော်ဘတ်တိုဒီဇာဘီက သူ့ရဲ့အသင်း တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ရာသီဆက်၊ အမှတ်ပေးဇယားအဆင့်-၁၇ နေရာနဲ့ အဆုံးသတ်ခဲ့ပြီးနောက် တော့တင်ဟမ်က အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပေါင်သန်း ၃၀၀ နီးပါးအသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူထားပါတယ်။

အခုလိုငွေကြေးအမြောက်အမြားအသုံးပြုထားပေမဲ့လည်း ဒီဇာဘီရဲ့အသင်းက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ဒီဇာဘီက သူ့ရဲ့အသင်းကို တိုက်ပွဲဝင်ဖို့အတွက် လုံး၀အဆင်သင့်မဖြစ်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

တော့တင်ဟမ်နည်းပြက "ကျွန်တော်တို့အသင်း ကြံ့ခိုင်မှုပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ ဒါကို ပွဲမတိုင်ခင်ကတည်းက သိရှိထားပါတယ်။ ကျွန်တော်တို့က တစ်ဦးချင်းစိန်ခေါ်မှုတွေမှာ တိုက်ပွဲဝင်ဖို့ အဆင်သင့်မဖြစ်ခဲ့ပါဘူး။ မစ်ကီမိုးနဲ့အတူ ဖိအားပေးကစားတဲ့ အချိန်ပိုင်းတွေမှာ အမှားအယွင်းတွေ အများကြီး ပြုလုပ်ခဲ့မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့မှာ အချိန်နောက်ကျခဲ့တဲ့ အကြိမ်အရေအတွက် များပြားခဲ့သလို ဘရန့်ဖို့ဒ်အသင်းနဲ့ယှဉ်ပြိုင်ဖို့အတွက် တစ်ဦးချင်းထိပ်တိုက်ရင်ဆိုင်မှုတွေမှာ အများကြီး ရှုံးနိမ့်ခဲ့ပါတယ်။

ဒီရှုံးနိမ့်မှုအတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ အသင်းစုစည်းမှုပိုင်းမှာ ပြန်လည်ပြင်ဆင်ရမယ်ဆိုတာ သိပါတယ်။ ကစားသမားသစ်တွေ အများကြီးရှိနေပေမဲ့ ဒါက ပထမဆုံးပွဲစဉ်ပဲ ရှိပါသေးတယ်။

ဒါက ကျွန်တော်တို့ရဲ့ဖြတ်သန်းမှုခရီးလမ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကစားသမားသစ်တွေ အများကြီးရှိနေလို့ အသင်းတစ်ခုအဖြစ် ပုံပေါ်လာဖို့အတွက် ကစားဟန်နဲ့ စိတ်ဓါတ်ပိုင်းမှာ လိုအပ်နေသေးတယ်ဆိုတာ သိပါတယ်။ ဒီနေ့မှာတော့ စိတ်ဓါတ်ပိုင်းရှိခဲ့တယ်လို့ ထင်ပေမဲ့ မှန်ကန်တဲ့ပုံစံနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်မနေခဲ့ပါဘူး" လို့ ဆိုပါတယ်။