၂၀၂၆-၂၇ ပရီးမီးယားလိဂ် ရာသီကြိုသုံးသပ်ချက် - ယူနိုက်တက်နည်းပြ ကာရစ်ဆီကနေ ဘာတွေ မျှော်လင့်နိုင်မလဲ
ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ရာသီသစ်ကို အမြဲတမ်းနည်းပြဖြစ်လာတဲ့ မိုက်ကယ်ကာရစ်နဲ့အတူ စတင်တော့မှာ ဖြစ်ပါတယ်။ ကာရစ်က ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ကို အဆင့် ၃ နေရာ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီက ကာရစ်အတွက် ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးရာသီပြည့် တာဝန်ယူရမယ့်ကာလဖြစ်လို ပိုမို ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။