စတုဂတ်နဲ့ရင်ဆိုင်ရမယ့် ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့ ရှိနေတဲ့ မူစီယာလာ
ရုတ်တရက် သတိလက်လွတ်ဖြစ်လေ့ရှိတဲ့ဝေဒနာ ခံစားခဲ့ရပြီးနောက် စနေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ပွဲစဉ်အတွက် ဘိုင်ယန်မြူးနစ်အသင်းလူစာရင်းမှာ မူစီယာလာ မပါဝင်လာဘူးဆိုရင် အံ့ဩစရာတော့ မရှိပါဘူး။
ဒါပေမဲ့ Sport BILD သတင်းစာရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က စတုဂတ်အသင်းနဲ့ကစားရမယ့် ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာဖို့ မျှော်လင့်ရတယ်လို့ သိရပါတယ်။
မူဆီယာလာရဲ့အထူးကုဆရာဝန်တွေက ကစားသမားရဲ့နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့အတွက် ဘောလုံးဆက်လက်ကစားဖို့ တိတိကျကျ အကြံပြုထားကြပါတယ်။
ဒါက ဂျာမန်စံချိန်တင်ချန်ပီယံအသင်းအတွက် ပုံမှန်ပါဝင်ကစားပေးဖို့ကို ဆိုလိုပုံရပြီး ဆရာဝန်တွေကလည်း ဒါကို မူစီယလာပြန်လည်သက်သာလာမှုလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆထားကြပါတယ်။
လတ်တလောမှာလည်း ဒေါ့မွန်အသင်းအားကစားဒါရိုက်တာရစ်ကန်က အသက် ၂၃ နှစ်အရွယ်ကစားသမားကို ကြံ့ခိုင်မှုအပြည့်၊ အမြန်ဆုံး ပြန်လည်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။