ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ မန်စီးတီး
မန်စီးတီးတောင်ပံကစားသမားဒိုကူက လာမယ့်တနင်္ဂနွေနေ့၊ ဘုန်းမောက်အသင်းနဲ့ ကစားရမယ့် ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ပါလိမ့်မယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အာဆင်နယ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ပထမပိုင်းပွဲချိန်အပြီး ဂရီးလစ်ရှ်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။
ဒဏ်ရာစိုးရိမ်ရမှုအခြေအနေနဲ့ အနားယူရမယ့် ကာလအတိအကျကို မသိရသေးပေမဲ့ ဒိုကူရဲ့ခြေသလုံးကြွက်သားမှာ ဒဏ်ရာရရှိနေလို့ ဘောလုံးရာသီသစ်ရဲ့အဖွင့်သီတင်းပတ်အနည်းငယ်ကို လွဲချော်ရနိုင်တယ်လို့ Nieuwsblad သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘယ်လ်ဂျီယံအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မှုရဲ့ အကျိုးဆက်ကြောင့် ဒိုကူရဲ့ ဒဏ်ရာ ပိုမိုဆိုးရွားလာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း အသင်းအတွင်းမှာ တိုးပွားနေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း မန်စီးတီးက တော့တင်ဟမ်ဆီပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ဆာဗင်ဟိုကိုလည်း လက်လွှတ်လိုက်ရဖို့ အလွန်နီးစပ်နေပါတယ်။
ဒါကြောင့် ပက်ဂွါဒီယိုလာရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး ပထမဆုံးတရားဝင်ပွဲစဉ် ကိုင်တွယ်တော့မယ့် နည်းပြသစ်မာရက်စ်ကာအတွက် အားရစရာမရှိတဲ့ သတင်းဆိုးတွေ ဖြစ်လာခဲ့ပါတယ်။