The network connection is lost.

Banner Image

အပြောင်းအရွှေ့အတွက် ဘာစီလိုနာမြို့ဆီ ရောက်ရှိလာတဲ့ ရိုဒရီ

ကမ္ဘာ့ဖလားချန်ပီယံရိုဒရီက မန်စီးတီးမှထွက်ခွာဖို့အတွက် ဘာစီလိုနာမြို့ကို ရောက်ရှိလာပါတယ်။

အသက် ၃၀ နှစ်အရွယ်ရိုဒရီက မန်စီးတီးမှာ ခုနစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု လေးကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားအပါအဝင် အခြားဆုဖလားမျိုးစုံကို ရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ရောက်ရှိနေတဲ့ ရိုဒရီက အနာဂတ် မရေမရာဖြစ်နေပြီး အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ 

အခုတော့ သူက နည်းပြဟန်စီဖလစ်ခ်ရဲ့ လက်ရှိစပိန်ချန်ပီယံအသင်းဆီ ယူရို ၇၆ ဒဿမ ၅ သန်းဖြင့် ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီး လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားပါလိမ့်မယ်။

အပြောင်းအရွှေ့ တရားဝင်မကြေညာခင်မှာပဲ ဘာစီလိုနာမြို့ဆီ ရိုဒရီ ရောက်ရှိလာခဲ့ပြီး ကလပ်အသင်းသစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ပြန်လည်ရယူဖို့ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို ဖွင့်ဟခဲ့ပါတယ်။

"ဘာစီလိုနာမှာ ကစားရတယ်ဆိုတာ အိပ်မက်တစ်ခုပါ။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဖလားရော၊ ရနိုင်သမျှဖလားအားလုံးကိုပါ ရရှိအောင် ကြိုးစားသွားရပါမယ်" လို့ သူက ဆိုပါတယ်။

ဒီကွင်းလယ်ကစားသမားက ပက်ဂွါဒီယိုလာ၊ ဂျွန်စတုန်းစ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ပြီးရင် အခုနွေရာသီ၊ မန်စီးတီးမှထွက်ခွာလာတဲ့ နောက်ထပ်အဓိကပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။