မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ကွန်မြူနတီဒိုင်းဆွတ်ခူးခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၃ - ၀ မန်စီးတီး
အာဆင်နယ်အသင်းက ယနေ့ညပွဲစဉ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ဆက်ထိန်းနိုင်ခဲ့ပြီး တစ်ဖက်က ပက်ဂွါဒီယိုမရှိတော့တဲ့ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ ကွန်မြူနတီဒိုင်း ဆွတ်ခူးခဲ့ပါတယ်။
မန်စီးတီးကတော့ ကွင်းလယ်မှာ ရိုဒရီမပါတော့ခြင်းနဲ့အတူ အာဆင်နယ်ကွင်းလယ်ကို ယှဉ်ကစားနိုင်ဖို့ ခက်ခဲခဲ့ပြီး မာရက်စ်ကာရဲ့ပထမဆုံးဆုဖလားပွဲစဉ်မှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။