The network connection is lost.

Banner Image

ဂါလာတာစာရေးနဲ့လမ်းခွဲပြီးနောက် အသင်းဟောင်းခရစ္စတယ်ပဲလေ့စ်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ဇာဟာ

ခရစ္စတယ်ပဲလေ့စ်ပရိသတ်တွေရဲ့အချစ်တော်ဇာဟာက ဂါလာတာစာရေးအသင်းမှ ထွက်ခွာပြီးနောက် သူ့ရဲ့အသင်းဟောင်းမှာ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်တုန်းက အသက် ၃၃ နှစ်အရွယ်ကစားသမားက ခရစ္စတယ်ပဲလေ့စ်မှ တူရကီကလပ်အသင်းကြီးဆီ ပြောင်းရွှေ့သွားခဲ့ပြီး အခုတော့ အသင်းနဲ့လမ်းခွဲထားလို့ ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ဇာဟာက ဂါလာတာစာရေးမှာ တစ်ရာသီသာ အပြည့်အဝကစားခဲ့ရပြီး အဲဒီနောက်ပိုင်းမှာ လိုင်ယွန်နဲ့ အမေရိကန်မေဂျာလိဂ်ကလပ် Charlotte FC တို့ဆီ အငှားသွားရောက်ကစားခဲ့ပါတယ်။

ဇာဟာရဲ့ Instagram စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုအရ လန်ဒန်တောင်ပိုင်း၊ ဘက်ကင်ဟမ်ရှိ ပဲလေ့စ်ရဲ လေ့ကျင့်ရေးကွင်း Copers Cope အတွင်း အပြင်းအထန် လေ့ကျင့်နေတဲ့ပုံစံတဲ့ ကြယ်ပွင့်ဟောင်းကို မြင်တွေ့ရပါတယ်။

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ပရိသတ်တွေကိုယ်တိုင် ဇာဟာကို အသင်းဆီ ပြန်ခေါ်ချင်နေကြပေမဲ့ အသင်းဘက်မှာတော့ ကစားသမားကို ပြန်ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းက ဇာဟာအတွက် အသင်းသစ်တစ်ခု မရရှိသေးခင်အထိ ကြံ့ခိုင်မှုထိန်းသိမ်းနိုင်အောင် သူတို့ရဲ့အားကစားအဆောက်အအုံတွေ အသုံးပြုခွင့်ပေးဖို့သာ သဘောတူထားပါတယ်။