The network connection is lost.

Banner Image

မှိုစွဲနေတယ်ဆိုတဲ့ သံသယကြောင့် ဆယ်လ်တာဗီဂိုရဲ့အိမ်ကွင်းကို လာလီဂါတာဝန်ရှိသူတွေ စစ်ဆေးဖို့ပြင်ဆင်

ဆယ်လ်တာဗီဂိုအသင်းရဲ့ Estadio de Balaidos ကွင်းမှာ မှိုစွဲနေတယ်ဆိုတဲ့ သံသယတွေ ထွက်ပေါ်လာပြီးနောက် လာလီဂါတာဝန်ရှိသူတွေကိုယ်တိုင် ကွင်းအခြေအနေကို စစ်ဆေးသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။
 
ဆယ်လ်တာဗီဂိုအသင်းက ၂၀၂၅-၂၀၂၆ လာလီဂါရာသီအဖွင့်ပွဲစဉ်အဖြစ် လာမယ့်သြဂုတ် ၁၆ ရက်၊ အိမ်ကွင်းမှာ အိုဆာဆူနာအသင်းကို ဧည့်ခံကစားရပါလိမ့်မယ်။
 
စပိန်နိုင်ငံမှာ ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် လာလီဂါအဖွဲ့ချုပ်က ကျွမ်းကျင်သူတွေကို ဗီဂိုမြို့ရှိဘောလုံးကွင်းဆီ စေလွှတ်ပြီး သတ်မှတ်စံနှုန်းများအတိုင်း ပွဲကစားနိုင်ခြင်း ရှိ၊ မရှိ ဆန်းစစ်သွားဖို့ ပြင်ဆင်နေပါတယ်။ ကွင်းမျက်နှာပြင်ရှိ အမျိုးအမည်မသိမှိုစွဲမှုကြောင့် ကွင်းမျက်နှာပြင်ပျက်စီးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေလို့ ဆယ်လ်တာဗီဂိုအသင်းဘက်ကတော့ ပွဲစဉ်ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။

အိုဆာဆူနာအသင်းကတော့ စီစဉ်ထားတဲ့အတိုင်း ပွဲစဉ်ကစားဖို့ အဆင်သင့်ရှိနေပေမဲ့ လာလီဂါရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ စောင့်ဆိုင်းနေပါတယ်။
 
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ မော်ရိုကိုတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရာမှာ အသုံးပြုမယ့် စပိန်နိုင်ငံရှိ ဘောလုံးကွင်း ၁၁ ခုစာရင်းအနက် ပါဝင်တဲ့ ဒီကွင်းကြီးကို ပြုပြင်မွမ်းမံနေတာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပါပြီ။ ပြုပြင်မှုတွေ ပြီးစီးသွားချိန် ကွင်းတွင်းပရိသတ်ဝင်ဆံ့မှု ၄၀,၀၀၀ မှ ၄၅.,၀၀၀ အထိ ရှိလာပါလိမ့်မယ်။

အစောပိုင်းမှာတော့ ဆယ်လ်တာဗီဂိုအသင်းက စပိန်အသင်းနဲ့အတူ တိုက်စစ်မှူးဘော်ဂျာအီဂလီစီးယက်စ်ကိုယ်တိုင် ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့လို့ အခုပွဲစဉ်ကို ရွှေ့ဆိုင်းခွင့် ရရှိခဲ့ပေမဲ့ မရွှေ့ဆိုင်းဘဲ သတ်မှတ်ထားတဲ့ပွဲစဉ်အချိန်အတိုင်း ကစားသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။