The network connection is lost.

Banner Image

ဒီအိုမန်ဒီရဲ့အပြောင်းအရွှေ့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ လိုက်ပ်ဇစ်တို့အကြား သဘောတူညီမှု ရရှိ

ယန်ဒီအိုမန်ဒီကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ လိုက်ပ်ဇစ်တို့အကြား သဘောတူညီမှု ရရှိသွားပြီလို့ အတည်ပြုလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ်တောင်ပံကစားသမားက ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်နဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့လာပါတော့မယ်။

Sky Germany ရဲ့အဆိုအရ ကြာသပတေးနေ့မနက်အစောပိုင်းမှာပဲ ကလပ်အသင်းနှစ်ခုအကြား ယူရို ၁၂၅ သန်းတန် အပြောင်းအရွှေ့သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ဂျာမန်ရုပ်သံလိုင်းရဲ့ဖော်ပြချက်အရ ဖြစ်နိုင်ခြေရှိတဲ့ အပိုဆုကြေးတွေပါ ထည့်တွက်မယ်ဆိုရင် စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုး ယူရို ၁၃၅ သန်းအထိ ရှိလာနိုင်သလို ရရှိဖို့ခက်ခဲတဲ့ အပိုဆုကြေးတွေပါ ထပ်ပေါင်းမယ်ဆိုရင်တော့ ယူရိုသန်း ၁၄၀ အထိ ရှိသွားနိုင်တယ်လို့ သိရပါတယ်။

ဒီအိုမန်ဒီက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း လီဂါနက်စ်မှ လိုက်ပ်ဇစ်ဆီ ယူရိုသန်း ၂၀ ဖြင့် ပြောင်းရွှေ့လာခဲ့ကာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ၃၃ ပွဲကစား၊ ၁၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ခဲ့ပါတယ်။